30 ❤️

15.6K 1K 30
                                    

Unicode

အိပ်ခန်းလေးထဲမှာ တစ်ယောက်နဲ့တစ်ယောက်တင်းကြပ်စွာ ပွေ့ဖက်လို့ အိပ်နေတဲ့ကောင်လေးနှစ်ယောက်ရှိတယ်။ သူတို့ရဲ့ လက်လေးတွေမှာ ပုံစံတူ လက်စွပ်လေးနှစ်ကွင်းက ထင်းလင်းစွာ နေရာယူထားတယ်။ နှစ်ယောက်စလုံးက နိုးနေပြီဖြစ်ပေမဲ့ တမင်အပျင်းထူပြီး အိပ်ဟန်ဆောင်နေကြတာ။ နှစ်တွေအကြာကြီးနေမှ ပြန်ပြီးပွင့်လင်းသွားရတဲ့ဆက်ဆံရေးဆိုတော့ အချစ်တွေက အသစ်အတိုင်း လတ်လတ်ဆတ်ဆတ် ။

ကျောပြင်သေးသေးလေးကို အခုပဲပျောက်သွားတော့မလို ပွေ့ဖက်ထားရင်း ရင်ခွင်ထဲခေါင်းတိုးလို့ ကိုယ်နံ့လေးကို ခိုးယူမိပြန်တယ်။ ရှောင်းကျန့်ကို သူပိုင်တယ်။
ခေါင်းအစခြေအဆုံး အရိပ်ကလေးကအစ ဝမ်ရိပေါ်ရဲ့အပိုင်။

သူ့ရဲ့လက်ထောက်စီက ၃ကြိမ်မြောက် ဖုန်းကော ဝင်လာတယ်။ ဝမ်ရိပေါ် ဒီနေ့ ဘာအလုပ်မှ မလုပ်နိုင်ဘူး။ ဘာအရေးကြီး အစည်းအဝေးမှလဲ မတက်ဘူး။ ဒီနေ့တရက်တော့ သူတို့နှစ်ယောက်ထဲ အတူရှိချင်တယ်။

"ဝမ်ရိပေါ် ထတော့ ... "

"အင်း ...မင်းကို ခေါ်သွားစရာနေရာတစ်ခုရှိတယ် "

"ဘယ်နေရာလဲ "

"မင်းသိပြီးသား နေရာလေး "

ဝမ်ရိပေါ်ရဲ့ကားက မြို့ပြင်ဘက်ကို တရိပ်ရိပ်ပြေးနေတယ်။ သစ်ပင်ပုလေးတွေနဲ့ ဝင်လမ်းတစ်ခုလုံးကို အလှဆင်ထားတဲ့ လမ်းအကွေ့အချိူးလေးရောက်တော့ ရှောင်းကျန့်က ဒီနေရာကို မှတ်မိသွားပြီ။ မြစ်ကမ်းနဘေးက အဖြူရောင်အိမ်လေး။ သူအရမ်းသဘောကျရတဲ့နေရာလေး။ သူ ဒီနေရာလေးကို နှစ်သက်တယ်ဆိုတာ ဝမ်ရိပေါ်က မှတ်မိသေးတာပဲ။

"‌ဒီည ဒီမှာ အိပ်မယ် ။ တနေကုန် မင်းအတွက် အထူးစပါယ်ရှယ် ဝန်ဆောင်မှု့ပေးမယ်။ငါ့ကိုမင်း ကြိုက်တာခိုင်းလို့ရတယ်။ ထမင်းဟင်းလဲချက်ကျွေးမယ် "

"တကယ်ကြီးလား ၊ ဒီအိမ်မှာ မီးအချက်ပေးစနစ်တော့ပါတယ်မလား "

"ဘာလို့လဲ ? "

"မီးဖိုချောင်ကို မင်းမီးရှို့လိုက်မှာ စိုးလို့လေ ဟားဟား "

I Hate How Much I Love You (Completed)Onde histórias criam vida. Descubra agora