25

12.3K 1.1K 116
                                    

Unicode

ထမင်းစားပွဲမှာ ပြင်ပေးထားတာတွေကို ထိုင်ကြည့်ရင်း စိတ်ကအလိုမကျဖြစ်လာတယ်။

"ဘယ်အချိန်ရှိနေပြီလဲ !!! "

"၇နာရီ ထိုးပါပြီ  ..."

ထမင်းချက်အဒေါ်ကြီးက ကြောက်လန့်စွာပြောတယ်။ အလုပ်သမားတွေရော၊ သူ့ရဲ့လက်ထောက်ကျင်းလီ  ကပါ အကြောင်းသိ့စွာ ငြိမ်ကုပ်နေကြတယ်။ သူတို့အားလုံး ဝမ်ရိပေါ်ရဲ့ဒေါသကိုမြည်းစမ်းဖူးကြတဲ့သူတွေချည်း။ အသက်ငယ်ငယ်လေးနဲ့ အမြဲစိတ်အလိုမကျပဲ ဒေါသဖြစ်နေတတ်တဲ့ သူဌေးကိုအားလုံးကြောက်ကြရပါတယ်။

" ဘာလို့ အခုချိန်ထိ ပြန်မရောက်သေးတာလဲ
သောက်ခြေထောက်က ဒီလောက်လေးတောင်လမ်းမလျှောက်နိုင်ဘူးလား "

"သခင်လေး သူပြန်ရောက်ပါပြီ "

ခြံစောင့်က ဆက်သွယ်ရေးစက်ကတဆင့်အကြောင်းကြားတယ်။ ဝမ်ရိပေါ်က ချက်ချင်း ထရပ်လိုက်တယ်။

"ကျင်းလီ  သူ့ကို ဒီကိုခေါ်ခဲ့ ၊ ကျန်တဲ့လူအားလုံး ထွက်သွားတော့ "

ရှောင်းကျန့်က ထမင်းစားခန်းထဲဝင်လာတယ်။

မျက်နှာက အရယ်အပြုံး ခံစားချက်မရှိ.. အပူအပင်မရှိသလိုမျိုး တည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းနေလိုက်တာ ဆရာတော်တောင် အရှုံးပေးသွားရမယ်။ ဒီကကောင်ကသာ အပူသည်ကြီးလို။

"ဘာလို့နောက်ကျနေတာလဲ ! "

"လမ်းလျှောက်လာရတာလေ ရိပေါ်ရယ်
ငါလဲအတတ်နိုင်ဆုံးတော့ မြန်မြန်လျှောက်တာပဲ "

"ငါမင်းကို ဘယ်လိုခေါ်လို့ပြောထားလဲ "

"တောင်းပန်ပါတယ် သူဌေး "

"နောက်ကျတဲ့အတွက် ညစာ မစားရဘူး။ ရှေ့မှာ ရပ်နေ ...ငါစားတာကို ကြည့်ပြီး လိုအပ်တာလုပ်ပေး "

"ဟုတ်ကဲ့ ..."

ဝမ်ရိပေါ်က အစားအသောက်တွေကို တမင်အသံမြည်အောင်စားပြတယ်။ ရှောင်းကျန့်က အကြာကြီး လမ်းလျှောက်ခဲ့ရတာကြောင့် ဗိုက်လဲအရမ်းဆာတယ်။ ပင်ပန်းပြီးလဲ နားချင်နေပြီ။ ဒါပေမဲ့ ဝမ်ရိပေါ်က သူ့ကို ရပ်ခိုင်းထားတယ်။ သူကရပ်နေရင်း လက်သီးဆုပ်လေးတွေနဲ့ ပေါင်နားကိုမသိမသာလေးထု့တယ်။ အကြောတွေကတင်းပြီး နာနေတယ်။ အစားအသောက်အနံ့တွေက မွှေးလွန်းတာကြောင့် ဗိုက်ကပိုဆာလာတယ်။

I Hate How Much I Love You (Completed)Where stories live. Discover now