Unicode
"ရှင်းမယ် "
"ဒီဝိုင်းက ရှင်းထားပြီးသားပါခဗျ သွားလို့ရပါပြီ "
"ဟမ် ဘယ်သူကရှင်းသွားတာလဲ "
"ဟို အရှေ့မှာထိုင်နေတဲ့ ရုပ်ချောချောနဲ့ကိုကြီးပါ "
ရှောင်းကျန့်လှည့်ကြည့်လိုက်တော့ ဝမ်ရိပေါ်က သူ့ကို မှေးထောက်လို့ ထိုင်ကြည့်နေတာနဲ့တိုးတယ်။
သူ့ကိုအခြောက်ဆိုပြီး အနိုင်ကျင့်ခဲ့ဖူးတဲ့လူက အခုကျ သူ့ကိုကြိုက်လို့တဲ့။ နည်းနည်းလေးမှ့ ယုံချင်စရာမရှိဘူး။ ဝမ်ရိပေါ် ...သူ ဘာဖြစ်ချင်နေတာလဲ ။ ဒါပေမဲ့ သူ့အနားမသွားရဲဘူး။ ရန်လဲသွားမရှာရဲဘူး။ ဒီကောင့်စိတ်က ကြိုခန့်မှန်းလို့ရတာမဟုတ်ဘူးရယ်။
"သူနင့်ကို တကယ်ကြီးလိုက်နေတာပဲ "
ဖိန်းဖိန်းက မှတ်ချက်ပြုတယ်။
"ဖိန်းဖိန်း ...ငါ ဘာမှ့မသိဘူးနော် ငါ"
"ထားပါ။ ဒါကနင့်အပိုင်းပါဟာ နင့်စိတ်ကသူ့ကိုသဘောကျရင် ပြန်လက်ခံလို့ရတယ်။ ငါ့ကိုအားမနာနဲ့
ငါကအဆင်ပြေတယ် ""နင်အဆင်ပြေလဲ ငါမပြေဘူး ၊ ငါမှ့သူ့ကိုမကြိုက်တာ "
ဝမ်ရိပေါ်ရဲ့ ယုန်လိုက်နည်း၊ နည်းလမ်းတွေက စုံလင်လှတယ်။ ရှောင်းကျန့်ရဲ့အတန်းချိန်တွေကို သူ့အတန်းလဲမဟုတ်ပါပဲ ခပ်တည်တည်နဲ့လာထိုင်ပြီးစာလာသင်တတ်တယ်။ ဖုန်းနံပါတ်ကိုလဲ ဘယ်လိုရသွားမှန်းမသိ။ တချိန်လုံး စာပို့တယ်။ စာထဲမှာလဲ သူဘယ်လို ခံစားနေရပါကြောင်း အရှက်မရှိတဲ့ပိုးပန်းစကားတွေချည်းပဲ
[ မောနင်း ရှောင်းကျန့် ငါမင်းကိုသတိရတယ် ]
[ မင်းမုန့်စားနေတာ ယုန်လေးနဲ့တူတယ်။ နှုတ်ခမ်းမှာ ပေနေတယ် သုတ်လိုက်ဦး ]
[ ငါ့ရဲ့ ဖုန်း screen မှာ မင်းပုံလေး ပြောင်းထားတယ်။ ကြည့်ပါဦး snap ပုံမှာတောင် မင်းက အသည်းယားချင်စရာလေးနော် ]
[ ဟေ့ဟေ့ နှုတ်ခမ်းကြီးဆူမထားနဲ့ ဖက်နမ်းပစ်ချင်လာပြီ ]
နောက်ပိုင်းကျ သူ့စီက စာဝင်လာရင် ရှောင်းကျန့်က ဖွင့်တောင်မဖတ်ရဲတော့ဘူး။
VOCÊ ESTÁ LENDO
I Hate How Much I Love You (Completed)
FanficStart Date - 7.1.2022 End Date - 20.2.2022 #yizhan