Unicode
"ဝမ် .... ရိ .... ပေါ် ~~~"
ရှောင်းကျန့်က အခန်း အပေါက်ဝမှာ ရပ်ပြီး ဝမ်ရိပေါ်ကို မျက်ရည်တွေနဲ့ ကြည့်နေတယ်။
ဘယ်သူကများ .....ဘယ်အသိဉာဏ်မရှိတဲ့ ဝန်ထမ်းက ရှောင်းကျန့်ကို ဒီအခန်းလာဖို့ လမ်းပြပေးလိုက်တာလဲ........
ဝမ်ရိပေါ်က မူးနေတာတောင် ပျောက်သွားပြီး ရှောင်းကျန့်အနား ပြေးသွားတယ်။
"မဟုတ်ဘူး ...မင်း အထင်လွဲနေတာ ငါ ..."
"တော်တယ် ဝမ်ရိပေါ် ...
မင်း သိပ်တော်တာပဲ "ရှောင်းကျန့်ရဲ့အသံက ငိုသံပါပေါက်နေကာ အက်ကွဲနေခဲ့တယ်။
"ငါ ရှင်းပြမယ် ....."
"ဘာတွေထပ်ပြီးလိမ်ဦးမလို့လဲ ဘယ်လိုစကားတွေနဲ့ လှည့်စားဦးမှာလဲ ၊ ငါ့နားနဲ့ သေသေချာချာကြားတဲ့စကားတွေက ဘယ်လိုလုပ်အထင်လွဲတာဖြစ်မှာလဲ
ဝမ်ရိပေါ် မင်း လုပ်ရက်တယ် ...ငါကတော့ ချစ်လိုက်ရတာ ..."ရှောင်းကျန့်စကားပြောလိုက်တိုင်း မျက်ရည်ဥများက လွင့်ကြွေမြေခသွားရကာ ငေးကြည့်နေရင်းကို ရိပေါ်ရဲ့ ရင်ထဲအောင့်တက်လာခဲ့တယ်။
သူငိုနေတယ် ။ ဒီမျက်ရည်တွေကို မမြင်ချင်ဘူး။
မမြင်ရက်ဘူး .....
ရှောင်းကျန့်ရဲ့ ပျော်ရွင်ခြင်း ဝမ်းနည်းခြင်းက သူ့ရဲ့စိတ်ခံစားချက်နဲ့ လာပြီးတိုက်ရိုက်ချိတ်ဆက်ထားသလိုမျိုး။ ဒီလူငိုရင် နှလုံးသားက ဘယ်လိုမှ့ မခံစားနိုင်။
" ငါ ...မှားပါတယ် ။ ငါ မင်းအပေါ် မကောင်းတဲ့အတွေးတွေ ဝင်ခဲ့မိပါတယ်။ မင်းရှေ့မှာ မင်းကျေနပ်တဲ့အထိ့ ဒူးထောက်ပါ့မယ်ကွာ။ နော် ...မငိုပါနဲ့ ငါ တောင်းပန်ပါတယ် ရှောင်းကျန့်ရယ် "
"ဘာလို့တောင်းပန်မှာလဲ ? ... အား ဟုတ်သားပဲ ၊ မင်းရဲ့ရွံစရာကောင်းတဲ့ရည်ရွယ်ချက်ကြီးက အထ့မှမမြောက်သေးပဲ ။ မင်းလိုချင်တာမရသေးတော့ ငါက တန်ဖိုးရှိနေဦးမှာပေါ့ "
"မဟုတ်ဘူး ...မဟုတ်ရပါဘူးကွာ
မင်းက ငါ့အတွက် အမြဲတမ်းတန်ဖိုးရှိပါတယ်"
YOU ARE READING
I Hate How Much I Love You (Completed)
FanfictionStart Date - 7.1.2022 End Date - 20.2.2022 #yizhan