33

13.2K 1K 50
                                    

Unicode

စီစဉ်ထားတဲ့အတိုင်း ချန်ယွိက အလုပ်သမားတွေထဲမှာ သူ့လူတွေကို ထည့်ထားပေးခဲ့တယ်။အစားအသောက်ထဲ ဆေးခပ်ပြီး အကုန်လုံး အိပ်ပျော်သွားကြတဲ့ အခါမှ ချန်ယွိလွှတ်ထားတဲ့ လူနှစ်ယောက်က သူ့ကို တံခါးအမြန်လာဖွင့်ပေးတယ်။ မှတ်ပုံတင်အတုနဲ့ ငွေသားတချို့ထည့်ထားတဲ့ အိတ်ကို ရှောင်းကျန့်လက်ထဲထည့်ပေးတယ်။ အပြင်မှာ ကားတစ်စီး အသင့်စောင့်နေတဲ့ အကြောင်းပြောတယ်။ ကားပေါ်ရောက်တဲ့အခါမှာ သူ့ရင်ထဲ တဒိတ်ဒိတ်ခုန်နေတယ်။ အခုလောက်ဆို ဝမ်ရိပေါ်ရဲ့စေ့စပ်ပွဲက စနေလောက်ပြီ။ သူပျောက်သွားတာကို ချက်ချင်း သတိထားမိဦးမှာ မဟုတ်လောက်ဘူး။ ဒီမြို့နဲ့ ဝေးနိုင်သမျှ အဝေးဆုံးကို ထွက်သွားရမယ်။

ဒါပေမဲ့ သူမသိလိုက်တာက သတိပြန်ရလာခဲ့တဲ့ body guard တစ်ယောက်ရှိပြီး သူထွက်‌ပြေးသွားတဲ့အကြောင်း ဝမ်ရိပေါ်ကို ချက်ချင်း အကြောင်းကြားလိုက်တယ်ဆိုတာကိုပဲ။

ကားလေးက အဝေးပြေးလမ်းမပေါ်မှာ တရိပ်ရိပ်ပြေးနေတယ်။ ကားဆရာက စကားအပိုမပြောဘူး။ ဒါပေမဲ့ လိုအပ်တာအကုန် လုပ်ပေးတယ်။ ရေဘူးနဲ့ အသင့်စား snack တွေကိုတောင် သူ့အတွက်စီစဉ်ပေးထားတယ်။ ချန်ယွိက သူ့ကို ဖုန်း ၂ခါ ဆက်တယ်။ ကူညီပေးတဲ့အတွက်ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်လိုက်တယ်။ ချန်ယွိပြန်ပြောတဲ့စကားက နည်းနည်းတော့ ထူးဆန်းတယ်။ ကျေးဇူးတင်ဖို့မလိုပါဘူး ကော အဆင်ပြေပြီး ပျော်နေတယ်ဆို ရပါပြီတဲ့ ။

မြို့ပြင်ရောက်တဲ့အခါမှာ ရှောင်းကျန့်ရဲ့ စိတ်တွေက အနည်းငယ်တည်ငြိမ်သွားပြီ။

ညီမလေးကို သတိရတယ်။ သူ ခရီးရက်ရှည်ထွက်နေတာမို့ လာမတွေ့ဖြစ်တော့ဘူးလို့ပဲ အဆင်ပြေအောင် ကြည့်ပြောထားရမှာပဲ။ အရာအားလုံး အခြေတကျ ဖြစ်သွားရင် ညီမလေးကို သူ့အနား ပြန်ခေါ်မယ်။ သူတို့မောင်နှမတွေ အရင်လိုပဲ အလိုလောဘမရှိပဲ ဘဝကို အေးအေးချမ်းချမ်း နေသွားကြမယ်။

ရှောင်းကျန့်က ညီမလေးကို ဖုန်းခေါ်လိုက်တယ်။

"ညီမလေး ....ကိုကိုပါ "

"ရှောင်း ...ကျန့် ...."

လက်ထဲက ဖုန်း လွတ်ကျမတတ် သူထိန့်လန့်သွားတော့တယ်။ ဖုန်းကို ချပစ်ဖို့ပြင်ပေမဲ့ ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့အတွေးကို ကြိုသိနေသလိုမျိုး .....

I Hate How Much I Love You (Completed)Where stories live. Discover now