Part-1

2.2K 94 8
                                    

" အကိုလေး အိမ်ပြန်ရပါတော့မယ်.."

Museumထဲသို့ လှည့်ပတ်‌ကြည့်နေချိန် အနောက်ကနေ
တစ်ကောက်ကောက် လိုက်လာသူ၅ဦးထဲမှ တစ်ယောက်သည်
အိမ်ပြန်ရန် စကားစလာသည်..။

" ကျွန်တော် ခနလောက် ပတ်ကြည့်ချင်နေတယ်.."

" မရဘူး အကိုလေး bossပေးထားတဲ့ အချိန်ပြည့်ပါပြီ
အိမ်ပြန်ရပါမယ်.."

ထိုလူ့ရဲ့ " Boss " ဆိုသည့်စကားကြောင့်ငါ
သက်ပျင်းရှည်ကြီး တစ်ခုချလိုက်ကာ အိမ်ပြန်ဖို့
လက်ခံလိုက်သည်..။ ငါ့မှာ ငြင်းပိုင်ခွင့်မှ မရှိတာ..။

museum အပြင်ဘက်သို့ ထွက်တာနဲ့ ကားအနက်ရောင်
၅စီးဟာ အပြင်၌ရပ်စောင့်‌လို့နေသည်..။ မသိရင်
သမ္မတ အလား..။ ငါသည် ရှေ့စီး၌ ရပ်ထားသော
မာစီးဒီး ကားအနက်ထဲသို့ ဝင်လိုက်သည်နှင့်
ဆေးလိပ်ငွေ့များက အရင်ကြိုဆိုသည်..။

သို့သော် ငါ ဘာမှမဖြစ်ပဲ အေးဆေးသာ
ဝင်ထိုင်လိုက်သည်..။ စစချင်းတုန်းကတော့
သေမတက် ချောင်းဆိုးခဲ့ရတာ..။

" ပျော်ခဲ့လား.."

ဆေးလိပ်အား လက်ညိုးနှင့် လက်ခလယ် ကြားမှာညှပ်ကာ
ပါးစပ်ကနေ အငွေ့တို့ကို ထုတ်ရင်း အေးစက်သော
အသံအနေအထားဖြင့် ငါအားမေးလာသည်..။

" အင်း…"

" အသံအနေအထားကြည့်ရတာ ပျော်ခဲ့ပုံမရဘူး..
ဘာလို့လဲ Fourth Nattawat ငါပေးထားတဲ့ အချိန်က
မလုံလောက်လို့လား.."

" မ..မဟုတ်ပါဘူး လောက်ပါတယ်.."

တုန်တုန်ရီရီပြန်ဖြေလာသော fourth၏ အသံအနေအထား

" ဟက်!.."

" အခုမင်းကို အရင် အိမ်ပြန်လိုက်ပို့ပေးမယ်
ငါသွားစရာရှိသေးတယ်..အခန်းထဲကနေ
အခန်းပြင်ကို ခြေတစ်လှမ်းတောင် ထွက်ဖို့မစဉ်းစားနဲ့.."

" အင်းပါ ငါနားလည်ပါတယ်.."

ငါ အပိုးကျိုးစွာ ပြန်ဖြေလိုက်တော့ ထိုလူ့နှုတ်ခမ်းထောင့်လေး အနည်းငယ် ကွေးညွန့်သွားသည်..။

" လိမ္မာတယ် ပြန်လာရင် ဘာဝယ်ခဲ့ရမလဲ.."

" ငါ့အတွက် ဘာမှမလိုပါဘူး..johnလေးအတွက်..ဟို..
ဟို..အစာကုန်နေတယ်..အဲ့ဒါ.."

နှောင်ကြိုး { COMPLETE }Where stories live. Discover now