Part-8

1.4K 113 7
                                    

မနက်ခင်းစောစောပင် ငါနိုးထရသည်။ ကုမ္ပဏီသွားရမည်
မလား ။ မနက်ခင်းလုပ်သည့် လေ့ကျင့်ခန်းအား အနည်းငယ်မျှလုပ်ပြီး ကုမ္ပဏီသွားရန် ရေမိုးချိုးပြင်ဆက်သည်။

အနောက်တိုင်းဝတ်ဆုံအား သေသေသပ်သပ်ဝတ်ဆင်ပြီး
အခန်းပြင်ထွက်ကာ အောက်ထပ်၌မနက်စာ စားရန်
လှေကားအဆင်းမှာ ငါခြေလှမ်းတွေ ရန်တန့်သွားခဲ့သည်။

ဘေးတစ်ဖက်ခြမ်း၌ရှိသည့် ကောင်လေးငယ်၏
အခန်းအား ငါ့လှည့်ကြည့်မိသည်။ အခန်းတံခါးအား
ဖြေးဖြေးချင်းဖွင့်ကြည့်တော့ ကောင်လေးဟာ
‌အိပ်မောကျနေတုန်းပင်

မနိုးတော့ရန် စဉ်းစားပြီး အောက်ဆင်းကာ
ထမင်းစားခန်းထဲဝင်ပြီး မနက်စာ စားရန်လုပ်သည်။
ထမင်းစားခန်းထဲဝင်လိုက်သည်နှင့် ကြီးမားကျယ်ပြန့်
လှသည့် စားပွဲထက်၌ ကော်ဖီတစ်ခွက်သာပင်။
ငါ၏မနက်စာသည် ကော်ဖီတစ်ခွက်ဖြစ်သည်။

ထိုစားပွဲထက်၌ရှိသည့် ကော်ဖီအား ယူသောက်လိုက်ပြီး
ဘေးအနားမှာရှိသည့် ‌အိမ်တော်ထိန်းအား ဟိုကောင်လေး
နိုးလာရင် မနက်စာပို့ဖို့ ‌မှာကြားလိုက်သည်။

" ဟိုကောင်လေးနိုးလာရင် မနက်စာပို့ပေးပါဦး..."

" စိတ်ချ‌သားလေး အဒေါ်ပို့ပေးလိုက်မယ်
ကောင်းကောင်းသွားအုန်း.."

" ဟုတ်ကဲ့.."

ငါသည် ရိုသေသင့်သောသူအပေါ်မှာ ရိုသေပါသည်။
မရိုသေသင့်တဲ့သူတွေတော့ မပါဝင်ခဲ့ပေ။

အိမ်ထဲကထွက်လိုက်သည်နှင့် ဒါရိုက်ဘာသည်
ကားအနောက်ခန်း တံခါးအား အဆင်သင့်ဖွင့်ပေးကာ
စောင့်နေသည်။ ကားထဲသို့ဝင်ပြီးနောက် ကားသည်
ကုမ္ပဏီသို့ ထွက်ခွာမောင်းနှင်လေသည်။

မိနစ်အနည်းငယ်အကြာမှာတော့ ကုမ္ပဏီကိုရောက်ရှိ
လာပြီ။ ငါ ငါ့ရုံးခန်းထဲသို့ ဦးတည်ပြီး ဓာတ်လှေကား
အား စီးလိုက်သည်။ ရုံးခန်းရှိသည့် အထပ်သို့ရောက်သည်နှင့် ငါရုံးခန်းထဲဝင်ကာ ကွန်ပျူတာအားဖွင့်ပြီး
ဖန်သားပြင်ပေါ်ကနေ အိမ်မှာကျန်ခဲ့သည့် ဟိုကောင်လေး၏လှုပ်ရှားမှာအား စောင့်ကြည့်နေလိုက်သည်။
ထိုအရာသည် ကုမ္ပဏီ၌လုပ်ရသည့် ငါ့၏
ပထမဆုံး အလုပ်ပင်။

နှောင်ကြိုး { COMPLETE }Where stories live. Discover now