Part-11

1.4K 119 1
                                    

ဆေးရုံ၏အပြင်ဘက်မှာရှိသည့်နီးဆက်ရာ
စားသောက်ဆိုင်ကနေ ငါတစ်ခုခုဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒါပေမဲ့ ငါဘာဝယ်ရမှန်းမသိပါ
အခုမှ သတိရလာတဲ့သူကို ဘာကျွေးရမှာ
စွတ်ပြုတ် ဒါ‌မဲ့ သူကြိုက်မှာမဟုတ်ဘူး
ဘာပဲဖြစ်ဖြစ် အားရှိဖို့ ကြက်သားစွတ်ပြုတ်လောက်တော့
သောက်သင့်တယ်မလား

စားသောက်ဆိုင်မှာ စွတ်ပြုတ်ကိုမှာပြီး တကယ်လို့
မစားခဲ့ရင် တစ်ခြားကျွေးလို့ရအောင် ကျန်းမရေးနဲ့
ညီညွတ်တဲ့ မုန့်တစ်ချို့ပါ တစ်ခါထဲဝယ်ခဲ့လိုက်သည်။

ဝယ်စရာရှိတာဝယ်ပြီး ပြန်လာတော့ ထိုကောင်လေးသည်
‌ကုထင်ထက်၌ထိုင်ကာ ပြတင်းပေါက်အား
တိတ်တဆိတ်ပင် ငေးကြည့်နေသည်။
ငါဝင်လာသည့်အချိန်ကြားတော့ ငါ့ဘက်အား
မျက်နှာမြူလာသည်။

ဝယ်လာတဲ့ အထုတ်တွေကို ပန်းကန်တစ်ခုချင်းစီမှာ
သေသေသတ်သတ်ထည့်ပြီး ထိုကောင်လေးအား
စားဝင်အောင် ကျွေးရတော့မည်။ လူတစ်ယောက်ကို
ဒီလိုဂရုစိုက်ပေးခြင်းဟာ ငါ့အတွက် ပထမဆုံးပါပဲ

" ဘယ်စားမယ်မှန်းမသိလို့ အားရှိအောင်
စွတ်ပြုတ်ပဲ ဝယ်လာတယ် တကယ်လို့
မကြိုက်ရင် တစ်ခြားမုန့်လေးတွေ ဝယ်လာတယ်
ဘယ်ဟာစားမလဲ.."

" ဘယ်ဟာမှစားချင်စိတ်မရှိဘူး.."

ပြတင်းပေါက်ဘက်ကို တစ်ဖန်မျက်နှာပြန်မူ‌သွားလေသည်။ ဒီကလေးက ဘယ်လိုမှချော့ပြောလို့မရဘူး
ချော့ပြောမရရင် ခြောက်ပြီးပြောရမှာပဲ

" စွတ်ပြုတ်တော့ ကုန်အောင်သောက်
ကိုယ့်အမိန့်မို့ မင်းမှာ ငြင်းဆန်ခွင့်မရှိဘူး.."

စွတ်ပြုတ်တစ်ဇွန်းအားခတ်ပြီး တိုက်ကြည့်တော့
ထိုကောင်လေးက ဇွန်းနှင့် ပန်းကန်အား
အတင်းဆွဲလုသွားပြီး သူ့ဘာ့သာသောက်လေသည်။
ဒဏ်ရာရထားသည်က ဘယ်ဘက်လက်ဖြစ်ပြီး
နာနေသေးတာကြောင့် စွတ်ပြုတ်ပန်းကန်အား
ကိုင်ထားသည်မှာ တုန်ယင်နေသည်။

" ပေးပန်းကန် ကြာကြာကိုင်ရင် မှောက်ကျတော့မယ်.."

ထိုသို့ပြောလိုက်တော့ နဂါးမျက်စောင်းဟာ
ငါ့ဆီကိုဒိုင်းခနဲပင် ကျရောကိလာသည်။

နှောင်ကြိုး { COMPLETE }Where stories live. Discover now