Gemini အပေါ်သို့တက်ပြီး အဝတ်အစားသွားလဲသည့်
အချိန်မှာ ငါအအေးနှစ်ခွက်အား မှာလိုက်သည်။
Gemini မလာခင် သူသောက်မည့် အအေးထဲ
ဆေးအနည်းငယ်အား ခတ်ထားလိုက်သည်။Gemini သည် အအေးအား ဟိုကောင်လေးကို
သောက်ခိုင်းနေတယ် မဖြစ်ပါ။ ငါ့အကြံအစည်တွေ
ပျက်စီးသွားလို့ မဖြစ်ဘူး..ကံတရားက ငါ့ဘက်ပါတယ်ပြောရမလား
ဟိုကောင်လေးသည် အအေးအား ငြင်းဆိုလိုက်သည်။
Gemini သည်လည်း ငါ့အအေးခွက်အား
ယူကာသောက်လိုက်သည်။ဒီညတော့ အပိုင်ချုပ်မှ ဖြစ်မည်။
" ကိုကို အခန်းထဲသွားရအောင်လေ
ဘေဘီ ရေချိုးချင်ပြီး တစ်နေကုန်လည်ထားတာ
ဆိုတော့.."" အွန်းကောင်းပြီလေ.."
ကြီးမားပြီးလှပတဲ့ ကျွန်းလှေကားကြီးတစ်လျှောက်
ငါတို့ထက်လာခဲ့ကြသည်။ အိမ်ကြီးကလဲ
တော်တော်ခန်းနားလှသည်။ နောက်ဆိုဒီအိမ်ရဲ့
အရှင်သခင်မက ငါဖြစ်လာတော့မှာပဲGemini အခန်းထဲရောက်သည်နှင့် ငါမျက်လုံးတွေ
လင်းလက်သွားသည်။ သူဝယ်ပေးထားသည့် ကွန်ဒို
တစ်ခန်းစာလောက်ပင်ရှိသည့် အခန်းကျယ်ကြီးပင်
ဝရန်တာကျယ်ကြီးပါ တွယ်ရက်ပါသည်။
တစ်သက်လုံးတာ နေလိုက်ရရင် ဘယ်လောက်တောင်
ပျော်စရာကောင်းမလဲ.." ဟိုဘက်မှာ ရေချိူးခန်းဘေဘီ.."
" ဟုတ်.."
ယူလာသည့် ခရီးဆောင်အိတ်ထဲက တစ်ခုခုကို
ထုတ်လိုက်ပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်။
Gemini ဝရန်တာထွက်ပြီး ဆေးလိပ်သွားသောက်သည်မို့ မတွေ့လိုက်ပါ..။ရေချိုးခန်းထဲဝင်ပြီး ခနတဖြုတ်ရေချိုးလိုက်ကာ
Gemini သဘောကျလောက်မည့်ဟူသည့်
အဝတ်အစားအား ငါယူလာခဲ့သည်။
ထိုအရာကို ငါလဲလိုက်သည်။Daraရေချိုးခန်းထဲဝင်သွားသည်နှင့် ငါဝရန်တာ
ထွက်ကာ ဆေးလိပ်သောက်နေလိုက်သည်။
ဘယ်လောက်မှမကြာပါ ငါတစ်မျိုးကြီး
ခံစားလိုက်ရသည်။" တောက်စ် Dara!!.."
Daraလုပ်သည်ဆိုတာကို ငါသိလိုက်ပါသည်။
အခန်းအတွင်အား လှမ်းကြည့်လိုက်တော့
Daraသည် ရေချိုးခန်းထဲက မထွက်လာသေးပင်
ငါဒီ့ထက်ပိုပြီး သည်းခံလို့မရတော့ပင်
YOU ARE READING
နှောင်ကြိုး { COMPLETE }
Fanfic" တစ်ခါတစ်လေ လှောင်အိမ်ထဲက ငှက်တစ်ကောင် ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းမိသား.." Gemini X Fourth