Part-6

1.1K 104 3
                                    

မနက်မိုးလင်းနေသည် နေရောင်ဟာ ပြတင်းပေါက်နေ
အခန်းထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ငါအိပ်ရာကထကာ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး
မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာတော့
လှေကားဝမှာ အိမ်အကူအချို့က ကြိုဆိုကြသည်။
ငါနဲ့ဆိုရင် ခေါင်းငုံ့ကြိုဆိုတာတွေ မလုပ်ပါနဲ့ဟု
ပြောထားပင်မဲ့လည်း သူတို့သူဌေးမြင်သွားတာ
ကြောက်သည်တဲ့

ထမင်းစားခန်းထဲဝင်လာတော့ အိမ်တော်ထိန်းကြီးက
ငါ့အကြိုက်ဖြစ်သည့် ပေါင်မုန့်မီးကင်ကိုမှ
စတော်ဘယ်ရီယိုရယ် ပြီးတော့ နွားနို့တစ်ခွက်ရယ်
ပြင်ဆင်ထားပေးသည်။

" သားအကြိုက်ပြင်ထားပေးတယ် ‌
ကောင်းကောင်းစား.."

" ဟုတ်ကဲ့.."

ငါစားနေ‌တုန်းပင် လှေကားပေါ်ကနေ ထိုလူဆင်းလာသည်ကို လှမ်းမြင်လိုက်ပါသည်။ အနောက်တိုင်းဝတ်ဆုံနဲ့
ဖြစ်တာကြောင့် ဒီနေ့ကုမ္ပဏီသွားမယ်ထင်တယ်
ထမင်းစားစားပွဲဆီ ဖြေးဖြေးချင်းလျှောက်လာပြီး
စားပွဲပေါ်မှာ အသင့်ဖျော်ထားသည့် ကော်ဖီခွက်အား
ယူသောက်‌လိုက်သည်။

ထို့နောက် ဘာစကားမှမဆိုပဲ ထွက်သွားလေသည်။
ဘယ်လိုလူပါလဲ..

" စိတ်ထဲမထားနဲ့နော်သားလေး.."

" ဟုတ်ကဲ့ပါ ကျွန်တော်စိတ်ထဲမထားပါဘူး.."

ထို့နောက် အကြိုက်ဆုံးဖြစ်သည့် မနက်စာကိုသာ
ဆက်စားနေလိုက်သည်။ မနက်စာ စားပြီးတော့
အခန်းထဲပြန်သွားပြီး johnနဲ့ ကစားပြီး အချိန်ကု‌န်
လေသည်။ တစ်နေကုန်ပင် ထိုအိမ်ကြီးထဲမှာပဲ
ထိုအခန်းလေးထဲမှာပဲ နေရသည်ဟာ အတော်ပင်
ပျင်းစရာကောင်းလှပါသည်။
ခြံထဲကိုလဲ ထွက်ကြည့်လို့မရပါ..

အိပ်ယာထက်မှာ johnနဲ့ဆော့နေ‌တုန်းပင် ဖုန်းအစိမ်း
တစ်ခုဝင်လာသည်။ ကိုင်လိုက်ရင်ကောင်းမလား
အကယ်၍ကိုင်လိုက်ရင် သူမြင်သွားမှာမလား
ဘယ်သူခေါ်တာလဲ သိချင်စိတ်ကတားလို့မရပေ
ဖုန်းကို ရေချိုးခန်းထဲယူလာလိုက်သည်။
ရေချိုးခန်းထဲမှာတော့ cctvမရှိလောက်ပါဘူး

" ဟယ်လို.."

" ဟယ်လို ငါfordပါ.."

" အော်ford.."

နှောင်ကြိုး { COMPLETE }Where stories live. Discover now