ဒီနေ့ ငါကုမ္ပဏီမသွားဖြစ်ပါ အိမ်မှာdaraရှိသည့်အတွက်ကြောင့် daraကိုအချိန်ပေးတဲ့အနေနဲ့ ဒီနေ့ ငါအလုပ်နား
လိုက်သည်။မနက်စာ စားပြီးထဲက ဟိုကောင်လေးသည် အခန်းပြင်ကို
ထွက်မလာပေ။ မနက်စာစားနေတုန်းကလဲ မျက်ရည်
တွေဝဲနေတာကို ငါမြင်လိုက်ရသည်။ ဘာဖြစ်တာလဲဟု
သွားလဲမမေးချင်ပါ။Daraသည် ငါ့အား တစ်ခုပြီးတစ်ခုသူလိုချင်တာတွေ
တောင်းဆိုသည်။ အခုလဲ အပြင်သွားချင်တယ်ဆိုပြီး
လိုက်ပို့ရအုန်းမည်။ ဒီနေ့အိမ်မှာ အစောင့်တွေနည်းသည်။
Ramကို အလုပ်ပေးထားတဲ့ ပရောဂျက်အတွက်
လိုက်သွားကျသည်က များသည်။ငါdaraနဲ့အပြင်သွားတုန်း ဟိုကောင်လေး ဘယ်မှမသွား
အောင် တစ်အိမ်လုံးတစ်ယောက်မကျန် လိုက်မှာခဲ့
ရသည်။" ကိုကို သွားကြမယ်လေ.."
" အွန်းဘေဘီ.."
Lover seatတံခါးအားဖွင့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် daraဟာ ကျော့မော့စွာ ဝင်ထိုင်လေသည်။
အဲ့နောက်မှာ ငါ daraသွားချင်သည့် နေရာတွေအကုန်လုံး
အား လိုက်ပို့ပေးရတော့သည်။_______________________
မနက်စာ စားပြီးထဲက ငါအခန်းအောင်းနေမိသည်မှာ
တော်တော်ကြာကြာပင်။ ဘယ်မှလုပ်ချင်စိတ်လဲ
မရှိပါ။ မနက်တုန်းက မြင်ခဲ့တာတွေဟာ အခုထိ
ငါ့ခေါင်းထဲ ငါ့မှတ်ညဏ်တွေထဲမှာ တစ်ရိပ်ရိပ်နဲ့ပင်။ငါသိချင်မိတယ် သူအဲ့မိန်းကလေးနဲ့ ဘယ်အချိန်ထဲက
တွဲနေခဲ့တာလဲဆိုတာ ။ ငါနဲ့လက်ထပ်ပြီးတဲ့အချိန်
တွေမှာလဲ အဲ့မိန်းကလေးနဲ့ အတူတူရှိနေခဲ့တာလား။
ညဘက်တွေအပြင်သွားတာ အဲ့မိန်းကလေးဆီ
သွားတာလဲ။မေးခွန်းပေါင်းသောင်းခြောက်ထောင်အား
ငါထုတ်နေမိပါတယ်။ ငါကရော ဆိုင်သူရှိတဲ့သူရဲ့
တစ်ချို့ အပြုအမှုတွေပေါ် သာယာခဲ့တာလား။
နှိပ်စက်ပြီးရင် ဒဏ်ရာတွေကို ဆေးပြန်လိမ်းပေးတဲ့
သူအပြုအမှုတွေ ငါ့အကြိုက်တွေကို သိနေတဲ့သူ
ဒါတွေအားလုံးက အပေါ်ယံ သက်သက်ပဲလား။
အဲ့ဒီ့ အပြုအမှုတွေအပေါ်မှာ ရင်ခုန်မိတဲ့ ငါမှားခဲ့တာလား။
YOU ARE READING
နှောင်ကြိုး { COMPLETE }
Fanfiction" တစ်ခါတစ်လေ လှောင်အိမ်ထဲက ငှက်တစ်ကောင် ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းမိသား.." Gemini X Fourth