Part-12

1K 87 0
                                    

ကိုကိုသည်အရမ်းလွန်လွန်းပါသည်။ ငါအိပ်ကိုရောက်တာ
တစ်ရက်တောင်မပြည့်သေးပါ ကိုကိုက ဟိုလူ့ဘက်ကို
ပါနေတာ ငါ့အစီအစဉ်တွေတော့ အပျက်ခံလို့ မဖြစ်ပါဘူး

" Daraမင်းဘယ်လိုရောက်လာတာလဲ.."

" ငါgeminiကို အရမ်းစိတ်ကုန်လာပြီဟာ
သူအခုဟိုကောင့်ဘက်ပဲ ပါနေတာ ငါဘယ်လိုလုပ်ရမှာလဲ..ရှိသမျှအကြံတွေလဲ အကုန်ကုန်ပြီ.."

" လောလိုက်တာ နင်သူ့စည်းစိမ်တွေလိုချင်တာမဟုတ်ဘူး
လား အချိန်ဆွဲမှပေါ့..ဖြေ‌ဖြေးပေါ့ဟ.."

" ဖြေးဖြေးလုပ်မနေနဲ့ geminiက ဟိုကောင့်ဘက်မှာကြီးပဲ အခုတောင် ငါ့ကိုဆေးရုံကနေ နှင်ထုတ်လာတာ
ကြာရင် သူ့အိမ်ပေါ်ကပါ ကန်ချခံရမလား မသိဘူး.."

" သူ့ကိုစည်းရုံးမရရင် ကိုယ့်အားကိုယ်ကိုးပေါ့
Daraရယ် သူ့အိမ်ကြီးထဲမှာ ဝှက်ထားတဲ့
တစ်နေရာရာတော့ ရှိမှာပဲလေ..အခုသူ့အိမ်မှာ
သူမရှိဘူးမလား နင့်အတွက် အခွင့်အရေးပဲလေ.."

" မဆိုးပါဘူး ငါအရယူခဲ့မယ် darling.. "

_______________________

မနက်ခင်းနေရောင်ခြည်တွေဟာ ဆေးရုံခန်းထဲဖြာကျ
လာတာကြောင့် ကျွန်တော်နိုးထလာခဲ့တယ်။ ဆိုဖာထက်ကို မျက်စိကစားကြည့်လိုက်တော့ ထိုလူဟာ အိပ်နေဆဲပင်။

အခုထိ မယုံနိုင်ခဲ့ဘူး မနေ့က ထိုလူငါ့ကို ဂရုစိုက်ပေးခဲ့တာတွေ အရမ်းထူးဆန်းလွန်းတယ် အခြားတစ်ယောက်လိုပဲ

ငါအားယူပြီးထကာ အိပ်နေတဲ့တစ်ယောက်သောသူနား
သွားလိုက်သည်။ အပြစ်ကင်းစင်စွာ သူကတော့
အိပ်မောကျနေလျက်။ အရမ်းများပင်ပန်းသွားသလား
ငါ့ကို ဒီလိုဂရုစိုက်ရတာ..။

ငါအချိန်အတော်အတန်ကြာအောင် မနိုးပဲ ဒီတိုင်းသာ
စိုက်ကြည့်နေမိတယ်။ အိမ်တော်ထိန်းပြောတဲ့ စကား‌
တွေဟာမှန်ပါတယ်။ သူ့မှာ နူးညံ့ဖြူစင်တဲ့ နှလုံးသားဟာ
အစကထဲက ရှိပြီးသားပင်။ ထိုဖြူစင်တဲ့ နှလုံးသားကို
အမဲရောင်ဆေးသုတ်ပစ်ခဲ့တဲ့ သူတွေကသာ
အပြစ်ရှိတဲ့သူတွေလို့ ငါထင်တယ်။

" ဟင်fourth.."

ငါကြည့်နေတုန်းမှာပင် သူနိုးလာလို့ အမြန်ပင်
မျက်နှာလွှဲလိုက်သည်။

နှောင်ကြိုး { COMPLETE }Where stories live. Discover now