ငါမနက်နေမထွက်မှာပဲ အိမ်ကိုပြန်လာလိုက်သည်။
အိမ်ပြန်ရောက်တဲ့အချိန်မှာ ဟိုကောင်လေး
ဧည့်ခန်းထဲကခုံပေါ်မှာ အိပ်နေသည်ကို တွေ့လိုက်သည်။
အိပ်ခန်းထဲမသွားအိပ်ပဲ ဘာလို့ဒီမှာ လာအိပ်နေပါလဲ" Fourth.."
ငါအတက်နိုင်ဆုံး အသံကို ဖျော့ပြီးခေါ်မိသည်။ ငါ့အသံကိုကြားလို့ထင်တယ် ကောင်လေးရဲ့ ခန္ဓာကိုယ်လေးဟာ
အနည်းငယ်လှုပ်လာခဲ့သည်။" အွန်း.."
" Fourthထတော့.."
ရင်းနှီးနေတဲ့ ဒီအသံ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့
ဟိုလူပင် ငါဆတ်ထနဲထထိုင်မိသည်။ သူဘယ်တုန်းက
ပြန်ရောက်လာတာပါလဲ" မင်းဒီမှာဘာလို့အိပ်နေတာလဲ.."
" ဟို ညကတီဗီကြည့်ရင်း အိပ်ပျော်သွားတာ
အဲ့တာကြောင့်.."သူ့ကိုစောင့်နေသည်ဟု ငါမပြောမိပါ
ငါလိမ်ခဲ့သည်။" သွားတော့ အခန်းထဲပြန်သွားအိပ် အိပ်ချင်ရင်.."
" ဟုတ်.."
ဟုတ် ဟုသာတစ်လုံးထဲပြောပြီး လှေကားပေါ်ပြေးပြီး
တက်သွားတဲ့ ထိုကောင်လေး အိပ်ရေးဝသေးတဲ့ပုံ
မပေါ်တာကြောင့်ရော အစောကြီးရှိသေးတာကြောင့်ရော
သူ့ကို အခန်းထဲမှာသာ ဆက်အိပ်ခိုင်းလိုက်သည်။ငါအောက်ထပ်ဧည့်ခန်းထဲမှာ အိပ်ပျော်နေတုန်းမှာ
သူရောက်လာပြီး ငါ့ကိုလာနိုးသည်။ သူဘယ်တုန်းက
ပြန်ရောက်တာလဲ ဘယ်သွားတာလဲ ငါမမေးခဲ့ရပါ
လောလောဆယ်တော့ အရမ်းအိပ်ချင်နေသေးသည်မို့
ဆက်အိပ်လိုက်သည်။ဟိုကောင်လေးဘာလို့ဧည့်ခန်းထဲမှာ အိပ်နေရတာလဲ
နေတောင်မထွက်သေးတာမို့ အိမ်ကအလုပ်သမားတွေလဲ
သိပ်မနိုးသေးကြသေး အိမ်တော်ထိန်းလဲမနိုးသေးပါ
အိမ်တော်ထိန်းနိုးမှပဲ မေးကြည့်ရမယ်။ငါအခန်းထဲဝင်ကာ ရေအရင်ချိုးဖို့ လုပ်လိုက်သည်။
ပြီးနောက် ရသလောက်တော့ အိပ်မှဖြစ်မယ်
ငါ daraအိပ်မှာ မအိပ်ခဲ့ရပါ ။ ရေမျိုးချိုးပြီးတော့
သက်တောင့်သက်တာရှိပြီး အဆင်ပြေလောက်မဲ့
အဝတ်ကို ဗီရိုကြီးထဲမှာ ထုတ်ပြီး လဲဝတ်လိုက်သည်။
ထို့နောက် ကုတင်ပေါ်တက်ကာ အနားယူလိုက်တော့သည်။
YOU ARE READING
နှောင်ကြိုး { COMPLETE }
Fanfiction" တစ်ခါတစ်လေ လှောင်အိမ်ထဲက ငှက်တစ်ကောင် ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းမိသား.." Gemini X Fourth