( Warning:လူသတ်တာကြောက်တဲ့ သူတွေဆို မဖတ်ပါနဲ့ ကျော်သွားလိုက်ပါ )
ငါမှားသွားခဲ့တာလား သူဘာကြောင့်အဲ့လိုထင်ရတာလဲ
ငါထွက်ပြေးမယ်လို့လဲ မပြောမိပါလား မှန်ထဲက ကိုယ့်ကို
ကိုယ်ပြန်ကြည့်တော့ နဂိုထဲကဖြူပါတယ်ဆိုတဲ့
အသားရေပေါ်မှာ သူ့လက်ရာကြီးက ထင်းလို့ပင်* ဒေါက်..ဒေါက်*
အခန်းအပြင်ဘက်က တံခါးခေါက်သံ
လည်ပင်းက လက်ရာကြီးအား မမြင်အောင်
ငါလည်ပိတ် အဝတ်အစားတစ်ခုအား အမြန်ပင်
ကောက်ဝတ်ပြီး သွားဖွင့်ပေးလိုက်သည်။" အိမ်တော်ထိန်းက နေ့လည်စာစားဖို့ လာခေါ်ခိုင်းလို့ပါ
အစ်ကိုလေး.."" ဟုတ် ကျွန်တော်လိုက်ခဲ့မယ်.."
အခန်းပြင်ကိုထွက်ပြီး အောက်ထပ်ဆင်းကာ
ထမင်းစားခန်းထဲဝင်လိုက်တော့ အိမ်တော်ထိန်းက
ငါ့အား စောင့်ကြိုနေသည်။" သားfourthထိုင် သားကြိုက်တာတွေပဲ အဒေါ်
ချက်ထားတယ်.."အိမ်တော်ထိန်းရဲ့ နွေးထွေးစွာ နှုတ်ဆက်တဲ့စကားသံ
ငယ်ငယ်လေးထဲက အမေဆုံးသွားခဲ့တဲ့ ငါ့အတွက်
အိမ်တော်ထိန်းဟာ ငါ့အမေလိုပင်စားပွဲကျယ်ကြီးပေါ်မှာ ခင်းကျင်းထားတဲ့ဟင်းတွေဟာ
အတော်ကို စုံလင်ပါတယ် သို့သော် ငါစားချင်စိတ်မရှိပေ" သားလေ အများကြီးစားနော်..သားအိမ်ကို စရောက်တုန်းက ပါးလေးကဖောင်းဖောင်းလေးရယ် အခုတော့
မရှိတော့ပါလား များများစားနော်သား.."" ဟုတ်ကဲ့.."
ငါအိမ်တော်ထိန်း စိတ်ချမ်းသာအောင် ထမင်းတစ်ပန်းကန်တော့ ကုန်အောင်စားလိုက်သည်။ ထမင်းစားပြီးတဲ့နောက်မှာ အိမ်တော်ထိန်းက အချိုပွဲလာချပေးပြီး
ငါ့ကို အဖော်ပြုပေးလေသည်။" သားGemက ဆိုးတယ်မလား သား.."
ဟုတ်ပါတယ် geminiက ဆိုးပါတယ်
" သားကပဲ နားလည်ပေးပါ gemလေးက အရင်က
ဒီလိုမဟုတ်ပါဘူး သူ့အဖေရဲ့ အတ္တတွေလောဘ
တွေကြောင့်ရော သူ့အဖေရဲ့ ပုံစံခွက်ထဲမှာ နေလာ
ရတာကြောင့်ပါ အဲ့တာကြောင့် gemလေး ဘယ်လောက်ပဲ
ဆိုးဆိုး သားကနားလည်ပေးပါ.."
![](https://img.wattpad.com/cover/297668441-288-k84061.jpg)
YOU ARE READING
နှောင်ကြိုး { COMPLETE }
Fanfiction" တစ်ခါတစ်လေ လှောင်အိမ်ထဲက ငှက်တစ်ကောင် ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းမိသား.." Gemini X Fourth