" fourth အပြင်သွားရအောင်..ကိုယ်တို့
အဝတ်အစားတွေ သွားဝယ်ရမယ်လေ.."" အွန်းသွားမယ်လေ.."
ငါထိုကောင်လေးနဲ့အတူ နီးစပ်ရာကုန်တိုက်တစ်ခုမှာ
ဈေးဝယ်ထွက်ခဲ့ကြတယ်..။ အလွန်အကျွံမဝယ်ပဲ
ဒီမှာနေမဲ့ 5ရက်စာအတွက်ပဲ ငါတို့တွေ ဝယ်ခဲ့ကြတယ်..။" ဟိုတယ်ပဲ ပြန်မှာလား.."
" ဟင့်အင်း ကမ်းခြေဘက်သွားမယ်.."
ထိုကောင်လေးအလိုကျ ငါတို့ ပင်လယ်ကမ်းခြေဘက်ကို
ဦးတည်ခဲ့တယ်..။ ညနေစောင်းနေပြီမို့ နေမင်းကြီး
ပျောက်ကွယ်နေပုံဟာပဲ အလှတစ်မျိုးပင်..။
ဘေးကကောင်လေးကတော့ ထိုအလှတရားကို
အပြည့်အဝခံစားနေလျက်..။" လှတယ်နော်Gem.."
သူခေါ်တဲ့ Gem ဆိုတဲ့နာမ်စားကို ငါသဘောကျပါတယ်..။ မင်းနှုတ်ဖျားကနေ ထွက်လာလို့ ထင်ပါရဲ့..။
" အွန်းလှတယ်.."
လှတယ် ပင်လယ်ကြီးရော မင်းရော
အတော်အတန်ကြာတိတ်ဆိတ်သွားပြီး ကောင်လေးဟာ
ပင်လယ်ဘက်ကိုပဲ မျက်နှာမူနေလျက်ပင်..။" ရေသွားဆော့ရအောင်.."
" မနက်ဖြန်မှ ဆော့လေ..အခုကအထုတ်တွေနဲ့.."
" ထားခဲ့လိုက်.."
အထုတ်တွေကို သဲသောင်ပေါ်ပစ်ချခဲ့ပြီး ကောင်လေးဟာ
လက်ကိုဆွဲကာ သူနဲ့တူတူ ရေဆော့ဖို့ ခေါ်လေသည်..။
လှိုင်းလုံးကြီးတွေကြားမှာ ပတ်ပြေးနေသည့်
ထိုကောင်လေးဟာ အတော်ပင်ပျော်ရွှင်နေသည်..။
ရေစီးနဲ့အတူပါသွားမှာကိုလည်း စိုးရိမ်လို့ အဝေးထိ
မသွားအောင် လှမ်းဆွဲထားရသေးသည်..။အခုလို ပျော်ရွှင်နေတဲ့ပုံရိပ်ကို ငါအခုမှမြင်ဖူးချင်း
ဖြစ်တယ်..။ ကလေးတစ်ယောက်လိုပင်..ရေလှိုင်းတွေနဲ့
ဆော့ကစားနေသည်က..အမြဲတမ်းပဲ ဒီလိုပျော်ရွှင်စေချင်တယ်..ဝမ်းနည်းရအောင် မလုပ်မိဖို့ ကိုယ်ဆင်ခြေရမယ်
ထင်တယ်..။ဆော့ကစားနေသည့် ပုံရိပ်လေးကို မှတ်တမ်းတင်ချင်တာကြောင့် သဲသောင်ပြင်ပေါ် ပြန်တက်ပြီး ဖုန်းနဲ့ သူမသိရလေအောင် ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ယူထားလိုက်သည်..။
YOU ARE READING
နှောင်ကြိုး { COMPLETE }
Fanfiction" တစ်ခါတစ်လေ လှောင်အိမ်ထဲက ငှက်တစ်ကောင် ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းမိသား.." Gemini X Fourth