ဘာလို့ အဲ့လောက်ထိရှက်နေတာလဲ Fourth
ရှက်စရာမလိုဘူး ရပြီ" Johnလာဦးပါးဆီကို.."
Johnသည် ခုန်ပေါက်ကာ fourthပေါ်ပေါ်တက်ထိုင်ပြီး
ချွဲလေသည်။" ငါ့ကလေးလေးကို ပါးကလွမ်းနေတာ.."
Johnသည်တုန့်ပြန်သည့်အနေနှင့် အော်သံလေးတစ်သံ
ထွက်ပေါ်လာသည်။ ငါသည်ချွဲနေသည့် johnခေါင်းလေးအား ပွတ်သတ်ပေးလိုက်သည်။ ထိုအခါ johnက
သဘောကျစွာ အသံလေးပေးပြန်သည်။" မင်းဒယ်ဒီက ပါးကိုဂရုစိုက်ပြနေတယ်john
အစစ်အမှန်ပဲလား အတုအယောင်လား
ပါးမသိဘူး ဒါပေမဲ့ အဲ့အပေါ်မှာ ပါးသာယာမိတယ်.."Johnသည် ငြိမ်ငြိမ်လေးနေကာ ငါပြောသမျှအကုန်
နားထောင်ပေးနေသည်..။ ငါသည် ပင်ပန်းနေလို့
ထင်ပါရဲ့ johnကိုဖက်ကာ အိပ်ပျော်သွားသည်။
အိမ်မက်ထဲမှာတော့ ငါတို့ပျော်ရွှင်ရမယ်ထင်ပါတယ်..။_______________________
ဟိုကောင်လေးငါ့ကိုအခန်းထဲက နှင်ထုတ်ပြီးထဲက
ငါခြံထဲထွက်လာခဲ့သည်။ ခြံထဲမှာ ပန်းပင်တွေဟာ
အတော်လေးများပါသည်။ နှင်းဆီနီနီကြီးတွေ
အပါအဝင်ပေါ့..။ထိုနှင်းဆီနီနီကြီးတွေကို ငါ့အမေစိုက်ပျိုးခဲ့တာ
အမေသည် နှင်းဆီပန်းအနီရောင်တွေဆို
သိပ်သဘောကျပါသည်။ ထိုနှင်းဆီပန်းတွေဟာလည်း
အမေချန်ခဲ့သည့် အမှတ်အသားလို့ ငါယူဆထားတယ်..။အမေသည် ငါ့အပေါ်မကောင်းခဲ့ဘူးဆိုသည်က
အမှန်ပင်..။ ဒါပေမဲ့ အမေချန်ခဲ့သည့် နှင်းဆီပန်းတွေကိုတော့ ငါထိန်းသိမ်းချင်မိပါတယ်..။နှင်းဆီပန်းများနှင့် အပေါ်ထပ် မျက်နှာချင်းဆိုင်
အခန်းဟာ ဟိုကောင်လေးအခန်း..။ ထိုအခန်းကို
အရင်တုန်းက အမေ့ဟာ သူ့ရဲ့ကိုယ်ပိုင်
နှင်းဆီပန်းတွေကြည့်ရာ အခန်းအဖြစ်
ထားခဲ့ဘူးတယ်..။အခုတော့ fourth အပိုင်ပေါ့..။
မနက်ခင်းဖြစ်ပြီး နေအရမ်းထိုးတာကြောင့်
ငါိိအိမ်ထဲပြန်ဝင်ရန် ဆုံးဖြတ်လိုက်သည်..။
ဒီအိမ်ကြီးထဲမှာလဲ ဘယ်သူမှမသိတဲ့ အခန်း
ရှိသည်။ ဟိုကောင်လေးက လွဲလို့..။
YOU ARE READING
နှောင်ကြိုး { COMPLETE }
Fanfiction" တစ်ခါတစ်လေ လှောင်အိမ်ထဲက ငှက်တစ်ကောင် ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းမိသား.." Gemini X Fourth