Part-7

1.3K 110 3
                                    

ရွေးချယ်စရာသုံးခုက တစ်ခုမှ မသက်သာပေ။
မနက်နေထွက်သည့်အချိန်အထိ ဒူးထောက်ရမယ်ဆိုရင်
ငါသေသွားနိုင်သည်။ မြေအောက်ခန်း ဒီအိမ်စရောက်တုန်းက တစ်ညနေဖူးသည်။ တကယ်စိတ်ချောက်ချား
စရာ အကောင်းဆုံးနေရာပင် သွေးညီနံ့တွေ အပြည့်နဲ့..။
တစ်ခုပဲကျန်တော့သည် အရိုက်ခံတာ..

" ကြာလိုက်တာ ငါကြာတာတွေမကြိုက်ဘူး..
အမြန်ရွေး!!.."

" ၂!.."

" သေချာပြီလား.."

" ဟ..ဟုတ်.."

" ကောင်းပြီလေ မင်းအပြစ်ခံယူဖို့ပြင်ထား.."

အသက်သာဆုံးဖြစ်မည်ကို ငါရွေးလိုက်သည်။
ဘယ်နှစ်ချက်ရိုက်ခံရမလဲတော့ ငါမသိပါ

" အင်္ကျီချွတ်လိုက်.."

လက်တွေတုန်နေပေမဲ့လဲ အမိန်အား မလွန်ဆန်ရဲပါ..
သူပြောသည့် အတိုင်းပင် လုပ်ရတော့သည်။
အင်္ကျီချွတ်ပြီးသည်နှင့် ငါ့လက်တွေနှင့်
ခြေထောက်တွေအား ငါ့ကုတင်ခြေရင်းမှာ
ရှိသည့် သံကြိုးတွေနဲ့ လှုပ်မရအောင် ချည်လေသည်။

ထိုသံကြိုးများသည် ပထမဆုံး စရောက်သည့်
နေ့ကစပြီး တစ်လလောက်အထိ ဒီအခန်းထဲမှာ
သံကြိုးကြီးတွေ တန်းလန်းနှင့် ငါနေခဲ့ရဖူးသည်။

ထိုလူသည် သူ၏ဘောင်းဘီမှ ခါးပတ်ကို ချွတ်ကာ
ငါ့အား ရိုက်ဖို့ ပြင်လေသည်။ ငါမျက်လုံးကိုစုံမှိတ်ထားမိသည်။

* ဖြောင်း..*

" အာ့ ဟင့်နာတယ်.."

ပထမဆုံးအချက်မှာတင် ငါမျက်ရည်ကျလာပါသည်။
အတော်ပင်နာလွန်းသည်။

" ပါးစပ်ပေါက်ကိုပိတ်ထား အသံထွက်ရင်နှစ်ဆ.."

* ဖြောင်း.."

" အု.."

အသံမထွက်အောင် ပါစပ်အားတက်နိုင်သမျှ
ပိတ်ထားရသည့်အတွက် နာကျင်သော်လည်း
အော်ခွင့်မရှိပါ...။

ဘယ်နှစ်ချက်ပင်မှန်းမသိတော့ပါ မျက်အိမ်‌ထဲကနေ
အရည်တွေဟာ စီးဆင်းလျက်ပင် ငါအတော်ပင်
နာကျင်နေပြီ အသံမထွက်အောင် နှုတ်ခမ်းကို
ကိုက်ထားရသည့်အတွက်ကြောင့် နှုတ်ခမ်းပေါက်ပြီး
သွေးတွေ‌ထွက်နေလေသည်။

နှောင်ကြိုး { COMPLETE }Where stories live. Discover now