"ဆရာ park နေ့လည်ကျရင် အတူတူထမင်းစားကြမလား။"
ဆရာမဂိုဂျီယွန်းက ဒီရက်ပိုင်း သူနဲ့အနေနီးအောင် ဖန်တီးနေမှန်သိသော်ငြားလည်း ဟိုတစ်နေ့ကကိစ္စလဲရှိနေသဖြင့် အလိုက်အထိုက်နေပေးလိုက်သည်။
"အဲ့နေ့က ကျွန်မဖုန်းဆက်တာနဲ့ကွက်တိဖြစ်သွားလို့တော်သေးတာပေါ့။ ဆရာ Park တော်တော်မူးနေခဲ့တာ။"
"ဆရာမဂိုအတွက် အနှောက်အယှက်ဖြစ်သွားရင်လဲ တောင်းပန်ပါတယ်။ ပြီးတော့ ကျေးဇူးပါဗျ။"
အပြုံးတုတစ်ခုကို တပ်ဆင်လို့ ကျေးဇူးတင်စကားကိုပြောလိုက်ရသည်။
တစ်ခါလောက် ဘေးနားမှာဂျောင်ဂုမရှိတဲ့အခိုက် မူးအောင်သောက်လိုက်မိပါတယ်၊ တစ်ယောက်သောသူအတွက်တော့ ဂွင်ဖြစ်သွားတာပေါ့။ကိုယ့်ကိုတစ်ခါလောက် ကူညီခဲ့ဖူးတယ်ဆိုပြီး ကိုယ်ကဆယ်ခါလောက်ပြန်ကူညီပေးရမယ့်အရေးတွေကိုမြင်လို့ ဂျီမင် တော်ရုံဆို ဘယ်သူ့ကိုမှ ကျေးဇူးကြွေးအတင်မခံပါ။ ကိုယ်တတ်နိုင်ရင်သာ ကူညီပေးလိုက်မယ်ဆိုတာပဲရှိသည်။
ဒီတစ်ခါတော့ ရှိပါစေတော့လေ....။တဖြည်းဖြည်းနဲ့ ဂိုဂျီယွန်းက ဂျီမင်နဲ့တပူးပူးတတွဲတွဲဖြစ်လာသည်။ ဂျီမင်ကရှောင်တာတောင် သူကလိုက်ကပ်နေတဲ့အဖြစ်ကိုမသိတဲ့သူတိုင်းကတော့ သူတို့နှစ်ယောက်က ဘာလိုလို ညာလိုလိုအခြေအနေဟုထင်ပြီး လှော်ပေးနေကြသူများတောင်ရှိသည်။
ဂျီမင်ကအားနာနာနှင့် တွဲနေတာမဟုတ်ကြောင်း ငြင်းသော်လည်း ဂိုဂျီယွန်းကတော့ ပိုအထင်လွဲအောင် ငြင်းလဲမငြင်းသည့်အပြင် အမြဲကျေနပ်ဟန်ပြလေ့ရှိသည်။အခုတလော ဂျီမင်ရော ဂျောင်ဂုပါ ကိုယ်စီအလုပ်ရှုပ်နေကြသည်ဖြစ်ရာ ဒိတ်ဖို့အချိန်မရှိသလောက်ကို ဖြစ်နေခဲ့ကြသည်။
ဂျောင်ဂုကလဲ ကျောင်းတက်ရင်း သူဝါသနာပါရာ ဂီတလမ်းကြောင်းပေါ်ကိုလျှောက်နိုင်ဖို့အတွက် တေးရေးဆရာတစ်ယောက်စီမှာ ပညာသင်ရင်း အချိန်ပိုင်းအလုပ်ပါလုပ်နေသေးသည်။
ဂျီမင်သည်လဲ စာသင်နှစ်တစ်နှစ်ပြီးဆုံးတော့မှာဖြစ်သည့်အတွက် နှစ်ကုန်စာမေးပွဲတွေအတွက် လုပ်စရာတွေရှိနေသည်။
YOU ARE READING
Only Then
Fanfiction#Jikook ကျွန်တော်တို့လမ်းခွဲလိုက်လို့မဖြစ်ဘူး။ ဟျောင်းက ကျွန်တော်မဟုတ်တဲ့ တခြားတစ်ယောက်ကို ချစ်မိသွားတဲ့အချိန်.... ကျွန်တော်က ဟျောင်းမရှိဘဲ နေသားကျသွားတဲ့အချိန်.... အဲ့ဒီအချိန်ရောက်မှ လမ်းခွဲကြမယ်ဆိုလဲ ဖြစ်ပါတယ်။ Both Unicode and Zawgyi