(Zawgyi)
Canteen ကထိုင်နေကြစားပွဲတွင်ထိုင်ကာ ဖတ်လက်စစာအုပ်ကိုဆက်၍ ဖတ်ကာ Jungkook နှင့် Taehyung အား Jimin စောင့်နေသည်။
Taehyung ကလဲကိစ္စရှိလို့ဟုပြောကာ အတန်းဆင်းပြီးကတည်းကထွက်သွားသည်။ ထို့အတူ Jungkook မှာလည်း အတန်းကိစ္စလုပ်စရာရှိသေးသည်ဟု ပြောသဖြင့် Jimin တစ်ယောက်တည်း canteen တွင်ထိုင်စောင့်နေခြင်းဖြစ်သည်။
ရုတ်တရက်သူ့ရှေ့တွင်ဝင်ထိုင်လိုက်သော လူတစ်ယောက်ကြောင့် Jimin စာဖတ်နေရာမှမော့ကြည့်လိုက်သည်။"စီနီယာ ညီမခဏထိုင်မယ်နော်"
ပြောရင်းသူ့ရှေ့တွင် ဝင်ထိုင်လိုက်သည့်ဂိုမီအွန်းဆိုသည့်ကောင်မလေး။
မထိုင်နဲ့လို့ပြောရမှာလဲ မကောင်း၍သာ သူခေါင်းပဲအသာငြိမ့်ပြခဲ့သည်။"ဟိုလေ စီနီယာ့ကို အကူအညီတစ်ခုလောက်တောင်းချင်လို့"
"ပြောပါညီမ အစ်ကိုတတ်နိုင်ရင်
ကူညီပေးပါ့မယ်""ဒါဆိုအခုလာမယ့် သောကြာနေ့ညနေပိုင်းအတန်းပြီးတဲ့အချိန်ကျရင် Jungkook ကို Dream shopping mall ကိုရောက်အောင်ခေါ်လာခဲ့ပေးပါလား ညီမသူ့ကိုဖွင့်ပြောမလို့"
ကိုယ်ချစ်နေတဲ့သူကို အခြားတစ်ယောက်ကဖွင့်ပြောဖို့အတွက် လိုက်ကူညီပေးရအောင်အထိ Park Jimin တို့သဘောထားမပြည့်ဘူး။
"ညီမတို့ကတစ်ခန်းထဲလေ ပြီးတော့သူငယ်ချင်းတွေပဲ ညီမဘာသာအပြင်သွားရအောင်လို့ပြောပြီးသူ့ကိုခေါ်လိုက်ပေါ့"
"ဒါမယ့် Jungkook ကညီမကိုရှောင်နေလို့ပါ အဲ့ဒါကြောင့် စီနီယာကကူညီပေးပါနော်"
"ဒါဆိုအစ်ကို့ကိုတစ်ခုပြန်လုပ်ပေးမလား တကယ်လို့ Jungkook ကညီမကိုလက်မခံရင် သူစိတ်အနှောက်ယှက်မဖြစ်အောင်နေပေးပါ ဒီရက်ပိုင်းသူ့ကြည့်ရတာ တစ်ယောက်ယောက်ကြောင့် စိတ်ရှုပ်နေတဲ့ပုံပေါ်နေလို့ပါ...အဟင်း"
"ရပါတယ် စီနီယာပြောသလိုလုပ်ပေးပါမယ်"
ဂိုမီအွန်းဆိုသည့်ကောင်မလေးကလဲ သူ့အား စောင့်ကြည့်နေလိုက်ပါဆိုသည့် အကြည့်မျိုးနှင့်ကြည့်ကာထွက်သွားသည်။
သူကတော့ နှုတ်ခမ်းတစ်ဖက်ကိုရွဲ့ကာ ပြုံးလိုက်ပြီး ဖတ်လက်စစာအုပ်ပေါ်ကိုသာ အာရုံပြန်စိုက်နေလိုက်သည်။
YOU ARE READING
Only Then
Fanfiction#Jikook ကျွန်တော်တို့လမ်းခွဲလိုက်လို့မဖြစ်ဘူး။ ဟျောင်းက ကျွန်တော်မဟုတ်တဲ့ တခြားတစ်ယောက်ကို ချစ်မိသွားတဲ့အချိန်.... ကျွန်တော်က ဟျောင်းမရှိဘဲ နေသားကျသွားတဲ့အချိန်.... အဲ့ဒီအချိန်ရောက်မှ လမ်းခွဲကြမယ်ဆိုလဲ ဖြစ်ပါတယ်။ Both Unicode and Zawgyi