(Zawgyi)
Jungkook တက္ကသိုလ်တက်နေသည်မှာ ဘာလိုလိုနဲ့ နှစ်ဝက်ရောက်ခဲ့လေပြီ။
ပထမနှစ်ဆိုသော်ငြားလည်းပဲ စာတွေခက်သည်။ ယခုလည်း library ထဲတွင် သူငယ်ချင်းကောင်မလေး ဂိုမီအွန်းနှင့် စာထိုင်တွက်နေခြင်းဖြစ်ရာ ပုစ္ဆာတစ်ပုဒ်ကိုနှစ်ယောက်စလုံးဘယ်လိုမှတွက်မရဘဲဖြစ်နေသည်။"ဟဲ့ Jungkook ငါတော့ဆက်တွက်ရင် ရူးတော့မှာ မတွက်တော့ဘူး နောက်မှဆက်တွက်ကြမယ်"
ထိုစဉ်သူတို့စားပွဲဘေးသို့ လာရပ်သည့်လူတစ်ယောက်ကြောင့် နှစ်ယောက်သားတစ်ပြိုင်နက်တည်းပြောမိသည်က...
"စီနီယာ Jimin"Jimin ကသူတို့နှစ်ယောက်ကိုပြုံးပြကာ မေးလာသည်။
"စာအုပ်လာရှာရင်းကြားလိုက်လို့ ဘယ်အပုဒ်ကိုမရတာလဲ အစ်ကိုရှင်းပြပေးမယ်လေ"
"ဒီအပုဒ်ပါ စီနီယာ ဘယ်လိုတွက်တွက်မရဘူးဖြစ်နေတယ်"
မီအွန်းကပုစ္ဆာကိုလက်ထောက်ပြကာပြောသည်။
Jimin ကမျက်နှာချင်းထိုင်နေသော သူတို့နှစ်ယောက်ကြားကခုံတွင် ထိုင်လိုက်ပြီး အကြမ်းစာရွက်ပေါ်မှာပုစ္ဆာကိုရေးလိုက်သည်။"ဒီအပုဒ်က ကြားထဲမှာ formular တစ်ခုသုံးပြီးတွက်ရမယ့်တစ်ဆင့်ရှိသေးတယ် အဲ့အဆင့်မပါပဲတွက်ရင်လုံးဝအဖြေမထွက်ဘူး ဒီကိုကြည့် အစ်ကိုရှင်းပြမယ်"
Jimin မှာစာကိုရှင်းပြနေသော်လည်း ဘေးနားက Jungkook မှာတော့ စာအကြောင်းကြားတစ်ချက်မကြားတစ်ချက်။
စတွေ့တုန်းနေ့ကလို ဆံပင်ကိုဒီတိုင်းထားတာမဟုတ်ဘဲ ဘေးခွဲထားကာ ရှေ့ဆံပင်ကို Jel ဖြင့်အနည်းငယ်ပင့်တင်ထားသည်။ shirt အင်္ကျီလက်ရှည်နဲ့ style pant အမည်းကိုဝတ်ထားသည်မှာ Jimin သည်သူစတွေ့သည့်နေကလို အထက်တန်းကျောင်းသားရုပ်နှင့်မတူတော့ပေ။
တကယ့်ကိုကြည့်ကောင်းသည့် တက္ကသိုလ်ကျောင်းသားတစ်ဖြစ်သည်ဟုလည်း မှတ်ချက်ချမိသည်။စာကိုစိတ်ဝင်တစားရှင်းပြနေသော Jimin ကိုကြည့်ရင်း Jungkook မှာရင်တွေခုန်ကာ ခြေဖျားလက်ဖျားတွေပင်အေးစက်လာသည်။
ရင်ခုန်သံတွေကိုတော့ ဒီတစ်ကြိမ်လဲ Jungkook လျစ်လျူရှုထားမိပြန်ပါသည်။
YOU ARE READING
Only Then
Fanfiction#Jikook ကျွန်တော်တို့လမ်းခွဲလိုက်လို့မဖြစ်ဘူး။ ဟျောင်းက ကျွန်တော်မဟုတ်တဲ့ တခြားတစ်ယောက်ကို ချစ်မိသွားတဲ့အချိန်.... ကျွန်တော်က ဟျောင်းမရှိဘဲ နေသားကျသွားတဲ့အချိန်.... အဲ့ဒီအချိန်ရောက်မှ လမ်းခွဲကြမယ်ဆိုလဲ ဖြစ်ပါတယ်။ Both Unicode and Zawgyi