Part-18

197 25 3
                                    

ဘူဆန်ကပြန်လာပြီးနောက်မှာတော့ စိတ်ပိုင်းဖြတ်ကာ ဂျောင်ဂုကိုဆက်သွယ်ခဲ့သည်။
ဖုန်းဝင်သွားတာနဲ့ တစ်ဖက်က အသံပိုင်ရှင်ဟာ သူရူးမတတ်လွမ်းနေခဲ့ရသူ။

"Hyung ကျွန်တော်ဘယ်လောက်ထိလွမ်းနေခဲ့လဲ သိရဲ့လားဗျ။"

သိတာပေါ့...ငါလဲမင်းကို ရူးလောက်အောင်လွမ်းနေခဲ့တာလေ။

"နည်းနည်းခေါင်းရှင်းချင်တာရော မင်းလဲစာတမ်းတွေနဲ့မအားမှန်းသိလို့ပါ။"

"စာတမ်းပြုစုရတာထက် အချစ်ရဲ့အသံလေးကို မကြားရတာက ပိုပင်ပန်းတယ်ဗျ။"

ငယ်လေးရယ်....ငါမင်းကိုရင်မဆိုင်ရဲလို့ပါကွာ။

"ငါတို့တွေ့ရအောင်။ ညနေကျ တွေ့နေကျကော်ဖီဆိုင်မှာတွေ့မယ်။ ငါမင်းကိုပြောစရာလဲရှိတယ်။"

တစ်ဖက်ကတုံ့ပြန်မှုကိုကြားပြီးတာနဲ့ ဖုန်းတန်းချလိုက်ကာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိသည်။
ဂျောင်ဂုကိုစိတ်နာသွားအောင်လုပ်ဖို့ဆိုတာထက် အသံလေးကြားရုံနဲ့တင် မပြတ်သားနိုင်တော့တဲ့အထိ သူစိတ်ပျော့လွန်းပါသည်။
သူမပြတ်သားရင် အကုန်အပြတ်ပြတ်နဲ့ နှာခေါင်းသွေးလျှံမယ့်အဖြစ်မျိုးဖြစ်လို့နေသည်။
နောက်ဆုံး သူ့အဖေဖြစ်စေချင်တဲ့အတိုင်းပဲ ရွေးချယ်လိုက်သင့်လား။

Park Jimin ရာတစ်ခုပဲ ရွေးချယ်လိုက်ကြတာပေါ့...

ချိန်းထားသည့်အချိန်ထက်ကြိုရောက်နေသည့် ဂျောင်ဂုက သူဝင်လာတာကိုမြင်သည်နှင့် လက်လှမ်းပြသည်။
မျက်နှာချင်းဆိုင်ခုံတွင် သူဝင်ထိုင်လိုက်တဲ့အခါ ဂျောင်ဂုကသူ့နောက်မှာဖွက်ထားတဲ့ အဖြူရောင်နှင်းဆီပန်းတစ်စည်းကို သူ့ထံပေးလာသည်။
ဝမ်းသာသွားရမည့်အစား မျက်နှာပျက်သွားသည့် ဂျီမင်။

"Hyung နှင်းဆီပန်းဖြူဖြူတွေ သဘောကျတယ်မလား။ ဘာလို့မယူတာလဲ။"

"အရင်က သဘောကျခဲ့တာပါ။အခုမဟုတ်တော့ဘူး"

ငါကဒီပန်းတွေနဲ့ မထိုက်တန်ပါဘူး ဂျောင်ဂုရယ်...

"Hyung ဘာကိုဆိုလိုချင်တာလဲ။ တစ်ခုခုဖြစ်နေတယ်မလား။ ကျွန်တော့်ကိုပြော ကျွန်တော်ဖြေရှင်းပေးမယ်။"

Only ThenWo Geschichten leben. Entdecke jetzt