ယနေ့သည် Seoul university ရဲ့နှစ်စဉ်ကျင်းပလေ့ရှိသည့် အားကစားပွဲတော်ကျင်းပရန် ကြိုတင်ပြင်ဆင်သည့်နေ့ဖြစ်သည်။
ဂျောင်ဂုသည် စတုတ္ထနှစ်ရဲ့ EC ဖြစ်သည်မို့ ဆရာ၊ဆရာမများခိုင်းသမျှကို မနားတမ်းလုပ်ပေးနေရသည်။ ထို့အပြင်အားကစားပွဲတော်တွင် သချာင်္ဌာနက လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ရေကူးပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲတွင်လဲ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဂျောင်ဂုသည်လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ ညနေပိုင်းတွင် လေ့ကျင့်ရေးသွားရပေဦးမည်။"မီအွန်းရေ ငါ့ကိုတစ်ခုလောက်ကူညီပါလား"
ဂျောင်ဂုသည် စက္ကူပုံးကြီးတစ်ပုံးကိုမကာ သူငယ်ချင်းဖြစ်သူမီအွန်းအား ပြောလာသည်။
"အင်း ပြောလေ"
"ငါတို့ဌာနရဲ့စတိုခန်းထဲမှာ လက်ဆင့်ကမ်းပြေးရင်သုံးတဲ့တုတ်ရှိမယ်ထင်တယ်။ အဲ့ဒါလေး သွားယူပေးပါလား၊ ငါကဆိုင်းဘုတ်တပ်တဲ့နေရာမှာ သွားကူပေးရဦးမှာမလို့"
"အင်း ရတယ်လေ။ ငါသွား ယူပြီးရင် နင့်စားပွဲပေါ်တင်ထားပေးလိုက်မယ်"
"ကျေးဇူး မီအွန်း ပြီးရင်နင်ဒီဘက်မှာလာကူလိုက်ဦးနော်"
မီအွန်းကခေါင်းငြိမ့်ပြကာ စတိုခန်းဘက်သို့ထွက်သွားသည်။
ဂျောင်ဂုသည် ဆိုင်းဘုတ်တပ်ရာတွင် ဝင်ကူညီပြီးနောက် ဘေးနားရှိရေသန့်ဘူးတစ်ဘူးအားယူကာ ဖောက်သောင်လိုက်သည်။ ထို့နောက်စင်ဘေးတွင် ခေတ္တထိုင်လိုက်သည်။"ငါခုနကစတိုခန်းရှေ့ကဖြတ်လာတာ အထဲမှာအသံတွေကြားလိုက်ရတယ်။
အနားမှာဘယ်သူမှလဲမရှိတော့ ငါလဲကြောက်ပြီးပြေးလာခဲ့တာ။"ဂျောင်ဂုသည်ဘေးနားမှ ကျောင်းသား၂ယောက်၏ပြောသံကို နားစွန့်နားဖြားကြားလိုက်ရသည်။
မီအွန်းလဲအခုထိ ရောက်မလာသေးပါလား။ တစ်ခုခုများဖြစ်နေလားမသိဘူး။ ဂျောင်ဂုထိုသို့တွေးမိသွားပြီးနောက် စတိုခန်းရှိရာသို့ ပြေးသွားလိုက်တော့သည်။စတိုခန်းထဲတွင် မီအွန်းသည် lockerကိုမှီကာထိုင်နေပြီး သူမဒူးခေါင်းကိုလက်ကိုင်ပဝါဖြင့် အုပ်ထားသည်။ ဂျောင်ဂုသည် ဘေးနားသို့သွားကာ မီအွန်းအားထူပေးလိုက်သည်။
YOU ARE READING
Only Then
Fanfiction#Jikook ကျွန်တော်တို့လမ်းခွဲလိုက်လို့မဖြစ်ဘူး။ ဟျောင်းက ကျွန်တော်မဟုတ်တဲ့ တခြားတစ်ယောက်ကို ချစ်မိသွားတဲ့အချိန်.... ကျွန်တော်က ဟျောင်းမရှိဘဲ နေသားကျသွားတဲ့အချိန်.... အဲ့ဒီအချိန်ရောက်မှ လမ်းခွဲကြမယ်ဆိုလဲ ဖြစ်ပါတယ်။ Both Unicode and Zawgyi