ဒီနေ့ ဂျီမင် ဘူဆန်ကိုပြန်ဖို့စီစဉ်ထားသည်။
လက်ထပ်မည့်ကိစ္စကို မိဘများအား အသိပေးရန်လိုနေသေးသည်လေ။
ရုတ်တရက်ဆန်တဲ့ လက်ထပ်ခြင်းအတွက် မိခင်ဖြစ်သူကတော့ အံ့ဩသွားလိမ့်မည်ဖြစ်ပြီး ဖခင်ဖြစ်သူကတော့ ကန့်ကွက်လိမ့်မည်လဲမဟုတ်ပေ။
မှန်ရှေ့တွင်ရပ်ကာ အတွေးဈာန်ဝင်နေသည့်သူဟာ ဖုန်းမြည်သံကြောင့် လက်တွေ့သို့စိတ်ပြန်ရောက်လာခဲ့သည်။
"ပြော ထယ်ဟျောင်း"
"အခုလား? အရမ်းအရေးကြီးလို့လား။ အင်း လာခဲ့မယ်လေ။"
ထယ်ဟျောင်းဆီက အရေးတကြီးပြောစရာရှိသည်ဟူသော စကားကြောင့် ဘူဆန်မသွားခင် ထယ်ဟျောင်း၏ကော်ဖီဆိုင်လေးဆီသို့ အရင်ဦးတည်လိုက်သည်။
ဆိုင်ထဲရောက်သည်နှင့် ကောင်တာမှ ဝန်ထမ်းကောင်လေးက ဂျီမင်အားနှုတ်ဆက်ကာ စတိုခန်းမှာ ပစ္စည်းစာရင်းတွေစစ်နေသည့်ထယ်ဟျောင်းကို သွားခေါ်လာပေးသည်။
ထယ်ဟျောင်းရဲ့မျက်နှာထက်တွင် အတည်အကြည်ပြောမည့်ဟန်အပြင် အနည်းငယ်စိုးရိမ်ဟန်လဲပါနေ၏။
"ပြောစရာရှိတယ်ဆို ပြောလေ။ ပြီးရင် ငါဘူဆန်သွားမလို့လုပ်ထားတာ။"
"ဘာအတွက်တုန်း။"
"မိဘတွေကိုအသိပေးဖို့လေ။"
ဂျီမင်က ထယ်ဟျောင်းရဲ့မျက်ဝန်းတို့ကို သွေဖယ်ကာ တိုးဖျော့သောအသံဖြင့်ဆိုလေသည်။
"ဟူး~"
ထယ်ဟျောင်းက လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ တစ်ခုခုကိုပြောရန် ဟန်ပြင်လေသည်။
"မင်းသွားဖို့မလိုလောက်တော့ဘူးထင်တယ် ဂျီမင်။"
"ဟင်? မင်းဘာကိုပြောချင်တာလဲ။"
"မင်းငါ့ကိုအဲ့မိန်းကလေးနဲ့မိတ်ဆက်ပေးတဲ့နေ့က ငါသူ့ကို တစ်နေရာရာမှာမြင်ဖူးတယ်လို့ထင်နေခဲ့တာ။ လွန်ခဲ့တဲ့လပိုင်းလောက်က အတွဲတစ်တွဲ စကားများခဲ့ကြတယ်။ ကောင်မလေးက ကိုယ်ဝန်ရှိနေပြီကို ကောင်လေးက တာဝန်မဲ့စွာပဲ သူမကိုထားရစ်ခဲ့တယ်လေ။ ၂ယောက်စလုံး အခြေအတင်ဖြစ်နေတော့ အသံကတစ်စတစ်စ ကျယ်လာတာနဲ့ ငါလဲကြားမိသွားတယ်။"
BINABASA MO ANG
Only Then
Fanfiction#Jikook ကျွန်တော်တို့လမ်းခွဲလိုက်လို့မဖြစ်ဘူး။ ဟျောင်းက ကျွန်တော်မဟုတ်တဲ့ တခြားတစ်ယောက်ကို ချစ်မိသွားတဲ့အချိန်.... ကျွန်တော်က ဟျောင်းမရှိဘဲ နေသားကျသွားတဲ့အချိန်.... အဲ့ဒီအချိန်ရောက်မှ လမ်းခွဲကြမယ်ဆိုလဲ ဖြစ်ပါတယ်။ Both Unicode and Zawgyi
