ဂျောင်ဂုနဲ့မျက်နှာချင်းဆိုင်တွေ့ပြီးနောက် တစ်ပတ်ခန့်ကြာခဲ့သည်။
ဂျီမင်သည် ဂိုဂျီယွန်းကို သူတာဝန်ယူကာ လက်ထပ်ယူပါမည်ဟု ပြောခဲ့သည်။
ပတ်ခ်ဂျီမင်ဟာ ဂိုဂျီယွန်းရဲ့ လှည့်ကွက်ထဲကို လှလှပပကြီး ဝင်လာခဲ့တာပဲ။
သို့ပေမဲ့ မိဘတွေနဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဖွင့်ပြောဖို့အတွက်တော့ ခေတ္တစောင့်ဆိုင်းပေးပါဟု သူမကိုတောင်းဆိုလာခဲ့သည်။
မစောင့်ပေးနိုင်စရာလား၊ ဒီအမျိုးသားသူ့လက်ထဲရောက်လာဖို့သာဆိုရင် သူမဘာမဆိုသည်းခံနိုင်သည်။ဂျောင်ဂု အဆောင်မပြန်ဘဲ Yoongi ရဲ့ Studio ၌သောင်တင်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီ။
Hoodie အမည်းရောင်ကို ခေါင်းစွပ်ပါဆောင်းထားပြီး ခပ်အုပ်အုပ်ဆံပင်တွေက မျက်စိဖုံးလို့နေပြီ။
ဖယ်ရှားဖို့လဲမလုပ်ချင်ပါ။ ညတိုင်းငိုထားရလို့ ဖောင်းအစ်နေတဲ့ မျက်ဝန်းတွေကို လူသိမခံလိုပါ။"မင်းရေးထားတဲ့စာသားတွေ ငါဖတ်ကြည့်ပြီးပြီ။ မဆိုးဘူးလို့ငါထင်တယ်။"
"Yoongi Hyung အဆင်ပြေတယ်ဆိုရင် ကျွန်တော်အဲ့ဒါကို သီချင်းတစ်ပုဒ်ဖန်တီးကြည့်ချင်တယ်။"
"မင်းရဲ့ပထမဆုံး Solo song ဆိုတော့ ထူးခြားမှာပါ။"
"မထူးခြားလို့လဲ မရဘူးလေ Hyung ရယ် ကျွန်တော့်နှလုံးသားတစ်စုံလုံးကြေမွပြီးမှ ဖြစ်တည်လာတဲ့ သီချင်းတစ်ပုဒ်ပဲလေ။"
သူထိုသီချင်းအတွက် နေ့ရောညပါ တောက်လျှောက်ကြိုးကြိုးစားစားနဲ့ ဖန်တီးနေခဲ့သည်။
တစ်စုံတစ်ယောက်အတွက် နှုတ်ဆက်လက်ဆောင်အဖြစ်ပေါ့လေ....။"ကျွန်တော်အပြင်ခဏသွားလိုက်ဦးမယ် Hyung။"
Yoongi ကခေါင်းငြိမ့်ကာအသိမှတ်ပြုလိုက်သည်။ ဂျောင်ဂုသူ့ဆီမှာ လာနေနေတာကိုလဲ သူဘာမှလဲမမေးကြည့်သလို ကြည်ကြည်ဖြူဖြူပဲခွင့်ပြုပေးထားသည်။
ဂျောင်ဂု လျှောက်လာရင်း ဂျီမင်ရဲ့ကျောင်းပေါက်ဝနားသို့ ရောက်လာခဲ့သည်။
တစ်ပတ်လုံးမမြင်ခဲ့ရတဲ့ မျက်နှာလေးကို တစ်ခါလောက်တော့မြင်ချင်မိတဲ့ အတွေးကြောင့် ထွက်လာခဲ့မိပေမယ့် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မလာခဲ့မိရင်ကောင်းသားလို့ တွေးလိုက်မိသည်။
YOU ARE READING
Only Then
Fanfiction#Jikook ကျွန်တော်တို့လမ်းခွဲလိုက်လို့မဖြစ်ဘူး။ ဟျောင်းက ကျွန်တော်မဟုတ်တဲ့ တခြားတစ်ယောက်ကို ချစ်မိသွားတဲ့အချိန်.... ကျွန်တော်က ဟျောင်းမရှိဘဲ နေသားကျသွားတဲ့အချိန်.... အဲ့ဒီအချိန်ရောက်မှ လမ်းခွဲကြမယ်ဆိုလဲ ဖြစ်ပါတယ်။ Both Unicode and Zawgyi