Part-17

147 16 0
                                    

အရာအားလုံးဟာ သူ့ဟာနဲ့သူအဆင်ပြေပြေ ဖြတ်သန်းနေကြသည်။
စာသင်နှစ်တစ်နှစ်ရဲ့အဆုံးသတ် စာမေးပွဲကြီးပြီးဆုံးသွားတဲ့နောက် ဆရာဆရာမများအတွက် သီးသန့်ပါတီတစ်ခုကျင်းပပေးခဲ့သည်။
ဟိုတယ်တစ်ခုရဲ့ အပေါ်ဆုံးထပ်ရှိ Sky bar တစ်ခုမှာကျင်းပခဲ့တဲ့ပါတီလေးက လူငယ်တွေရဲ့ပါတီလို ဆူဆူညံညံ တေးသံတွေနဲ့တော့ မဟုတ်ခဲ့။

"ဒီနှစ်ရဲ့ နောက်ဆုံးနှစ်ကျောင်းသားတွေထဲမှာ သင်္ချာရာပြည့်ရတဲ့သူ ၁၃ယောင်တောင်ပါခဲ့တယ်။ ဒါတွေအားလုံး ဆရာPark Jimin ရဲ့ကြိုးစားမှုတွေကြောင့်ပါပဲ။ အဲ့ဒီအတွက် ဆရာPark ကိုဂုဏ်ပြုပါတယ်။ အားလုံးပဲ ဆရာPark အတွက် လက်ခုပ်သံလေးတွေ ချီးမြှင့်ပေးကြပါဦး။"

ဂျီမင်သည်ထိုင်နေရာမှထကာ အရိုအသေပြုရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။
ဂိုဂျီယွန်း ဆရာPark ကိုသဘောကျရတဲ့အထဲမှာ ဒီလိုထူးချွန်တဲ့အချက်တွေကြောင့်လဲပါသည်။
လူတိုင်းရဲ့စံပြပုဂ္ဂိုလ်လို အကျင့်စာရိတ္တရော လူမှုရေးသိတတ်မှု ထူူချွန်မှုတွေနဲ့ပြည့်စုံနေတဲ့ ဒီအမျိုးသားကို သူမသဘောကျမိတာ မဆန်းပေ။
တစ်ခုပဲ ပိုင်ရှင်ရှိနေမှန်းသိသိနဲ့ တပ်မက်မိတာကတော့ မကျော်သင့်တဲ့စည်းကို သူမမစောင့်ထိန်းနိုင်တာပဲ။

တချို့ဆရာတွေလဲ သူ့ဟာသူရေချိန်ကိုက်လာကြပြီး စကားဝိုင်းကပိုပြီးမြိုင်ဆိုင်လာသည်။
ဂျီမင်ကထိုလူအုပ်ထဲမှ ခဏတဖြုတ်ရှောင်ကာ ဝရံတာဘက်ကိုထွက်လာခဲ့သည်။
ဝမ်းသာစရာသတင်းကောင်းကို ချစ်ရသူထံမျှဝေချင်တဲ့စိတ်ကထိန်းမရတာကြောင့် sms နဲ့စာပို့ထားလိုက်သည်။
ချက်ချင်းပဲ ပြန်စာပို့လာသူကြောင့် ဂျီမင့်မျက်နှာနုနုထက်တွင် အပြုံးတစ်ပွင့်ပေါ်လို့လာ​၏။

"ဆရာ Park ကိုမတွေ့တော့လို့ လိုက်ရှာနေတာ။ ဒီရောက်နေတာပဲ။"

ချက်ချင်းပင် မျက်နှာကို တည်ချလိုက်တဲ့ ဂျီမင်ရဲ့အပြောင်းအလဲမြန်မှုကို သူမမရိပ်မိလိုက်ပါ။

"ခဏတဖြုတ် လေညှင်းခံချင်လာတာနဲ့။"

"ကျွန်မလဲနည်းနည်းမွန်းကြပ်လာတာနဲ့ အတော်ပဲ။"

Only ThenWhere stories live. Discover now