Unicode
🖤You & Me❤️
အခန်း ၁၈
သူက ကိုယ့်ကို မောင် ခေါ်လိုက် ကျတော်က သူ့ကို မောင်ပြန်ခေါ်လိုက်နဲ့ ချစ်ကြည်နူးခဲ့သည်မှာ တစ်ပတ်တိတိရှိပြီ။မတည့်အတူနေ မမြင်ချောင်းကြည့် ဘဝကနေ ချစ်သူဖြစ်ခဲ့ရလို့လားတော့မပြောတတ် မမြင်ရတဲ့ သံယောဇဉ်ကြိုးက ကျတော့်ကို တော်တော်လေးရစ်ပတ်နှောင်တွယ်နေတာကို သိသိသာသာကြီးခံစားနေရပြီ။
ချစ်သူသက်တမ်းတစ်ပတ်နဲ့ ခုလိုတစ်သက်စာမခွဲမခွာ သူ့အတွက်ပဲဖြစ်တည်ချင်တဲ့စိတ်ဆန္ဒက သဘာဝကျလား မကျလား လွန်ကဲနေလားမကဲဘူးလား ကျတော်ဘာမှမတွေးမိ။တွေးမိသမျှတို့သည် Perthဆိုသော ထိုလူသားကို ချစ်သည်ဆိုခြင်းနှင့် နှစ်ဦးသားမည်သို့မည်ပုံ ရှေ့ဆက်ရမလဲဆိုတာသာဖြစ်သည်။
နှစ်ယောက်သား ချစ်ကြည်နူးနေရခြင်းကို ဘယ်သူ့ဘက်ကမှ တိမ်းစောင်းခံတို့ထိမနေကြပေမဲ့ ဒီရက်ထဲ ဦးလေးလုပ်သူနဲ့ အဒေါ်ဖြစ်သူရဲ့ ကိစ္စက တစတစနဲ့ ရှေ့ဆက်လာတာကို မြင်နေတွေ့နေကြားနေကြရသည်။မနက်ဖြန်ဆိုရင်ပဲ ကျတော်တို့ရဲ့ အမေတွေနဲ့ ကာယကံရှင်နှစ်ယောက် မျက်နှာချင်းဆိုင်တွေ့လို့ မင်္ဂလာကိစ္စစကားပြောကြတော့မည်ထင်သည်။
🖤 မောင့်ရစ်လုံးလေး သက်ပြင်းတွေချလိုက်တာကွာ
❤️နက်ဖြန်ဆိုရင်ပဲ သူတို့တွေစကားပြောကြတော့မယ် တကယ်ဆိုရင် အဲ့နေရာမှာ ငါတို့ဖြစ်နေရမှာနော်
🖤စိတ်မပူပါနဲ့ ဒီည ကိုယ့်မေမေကို ကိုယ်ကဘာပါဆိုတာကို ဖွင့်ပြောလိုက်တော့မယ်
❤️ဟင် မဖြစ်ဘူး
🖤ဘာလို့ မဖြစ်ရမှာလဲ မောင့်ရစ်လုံးရယ် ဖြစ်ရမှာပေါ့ဗျ ဒီတိုင်းငြိမ်နေပြီး လက်လွှတ်ဆုံးရှုံးခံရတာမျိုးတော့ မဖြစ်ဘူးဗျ
❤️ငါက မောင့်ကို ပြဿနာတွေအများကြီးနဲ့ မကြုံစေချင်တာကွာ
🖤ဪ မောင့်ချစ်သူကို သေချာကြည့်စမ်းပါ
သူကြည့်ခိုင်းလို့ ဆွေးမြည့်နေတဲ့ မျက်ဝန်းတွေနဲ့ သူ့မျက်နှာကို တမေ့တမောကြည့်မိနေဆဲမှာပဲ သူ့လက်သီးဆုပ်တစ်ဖက်က မြောက်တက်လာပြီး ကျတော့်နှာခေါင်းနားကပ်ပြီးမှ လက်ဝါးဖြန့်လိုက်တော့ စိတ်တိုတိုနဲ့ ဆောင့်ကန်ပြီး ကုန်းအန်ပစ်လိုက်တော့သည်။