Unicode
🖤You & Me❤️
အခန်း ၂
ဆိုင်ကယ် ကယ်ရီပေါ် ကားယားခွထိုင်ရင်း ကိုယ့်ကို ဘုကြည့်ကြည့်သွားတဲ့ ဟိုအူကြောင်ကြားကောင်ကို ငေးရင်း ကျန်နေခဲ့ရတာက ဆေးခန်းကနေ ကျောင်းရှေ့ကို ထွက်လာချိန်မှာပါ။
🖤 ဘာကောင်မှန်းကိုမသိဘူး...
ဂျုံးးးးး ဒုန်းးးးးးဖွတ်...... ဂလုပ်.....ဘရူးးးးးး
စိတ်ပျက်လက်ပျက်နဲ့ ပိုလီယိုဖြစ်နေတဲ့ စက်ဘီးလေးကို ထိန်းကိုင်ရင်း လေးလေးလာအကြိုကို စောင့်နေချိန်မှာပဲ မြည်သံစွဲပေါင်းစုံနဲ့ ကိုယ့်ရှေ့ထိုးစိုက်လာတဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး ကားတစ်စီး။
ဖာသိဖာသာပဲနေလိုက်ပြီး လမ်းမထက်က ကားများဆီတမျှော်မျှော်လုပ်နေချိန်မှာ ကိုယ့်ရှေ့က ကားထဲကနေ ထိုးထွက်လာတဲ့ ခေါင်းကြီး။
" ဟေ့ကောင် အကန်း မင်းဦးလေးတောင် မင်းမမြင်ဘူးလား ရှေ့တည့်တည့်လာရပ်တာတောင် အမေကျော် ဒွေးတော်လွမ်းပြီး နောက်မျှော်ကြည့်နေသေးတယ်"
🖤 ဟင် ....လေးလေးမှန်းဘယ်သိမလဲဗျ ဘယ်က ကားစုတ်ကားပြတ်ကြီးယူလာတာတုံးဗျာ ကျွန်တော့်ကျောင်းရှေ့မှာမှ အရှက်ကွဲပါပြီ
"အံမယ် အိမ်ကကားက ဘီးပေါက်နေတာကြာပြီခင်ဗျ
မင်းပဲအခုချက်ချင်းဆိုပြီး သေမလိုဖြစ်နေတော့ ငါလဲလမ်းထိပ်က နွားနို့ပို့တဲ့အဖိုးကြီးကို အကူအညီတောင်းပြီး ငှားလာရတာကွ နားလည်လား
ဒီကား ဘယ်လောက်စုတ်စုတ် မင်းရဲ့ ဒုက္ခိတစက်ဘီးလောက်တော့ မဆိုးသေးဘူးနော်
လူရော စက်ဘီးရော တူတူပဲ စုတ်ပြတ်လို့ "
လူကိုနှိပ်ကွပ်ရမယ်ဆိုရင် ပဲကြီးလှော်စားထားတဲ့ဖင်လိုပဲ တရစပ်လွှတ်တတ်တဲ့ ဦးလေး....
သူ့ကိုမကျေမနပ်ကြည့်ရင်း ကိုယ့်အတွေးနဲ့ကိုခွိကနဲ အသံထွက်အောင်ရယ်မိတော့ အသံပြဲကြီးနဲ့ ထအော်ပြန်ပြီ။
" အံမာ ငါ့ကြည့်ပြီး ဘာမဟုတ်တာတွေတွေးပြန်ပြီလဲ ခွေးသား တင် မင်းစက်ဘီး ကားပေါ်ကို အခု "