Unicode
🖤You & Me❤️
အခန်း ၅
အိမ်ပြန်တဲ့တစ်လမ်းလုံး Mask တပ်ပြီး အသက်ရှူကြပ်တိုင်း ဟိုငှက်ပျောသီးကောင်ကို မေတ္တာတွေဒရဟောကိုပို့ပစ်လိုက်သည်။
နှာခေါင်းကနဂိုကမှ ကိုယ်က ပွတတရယ် အဲ့ဒါကို ဒင်းလုပ်ခါမှ နှာဘူးတွေရောဘာတွေရော အပြောခံလိုက်ရတာလေ။ လက်စားချေခဲ့ပြီးပေမဲ့ နာတာမပျောက်သရွေ့တော့ မင်းကိုသတိရနေမယ်ထင်တယ် ငှက်ပျောသီးရေ။
Mask တပ်လေ့တပ်ထမရှိတော့ နေရတာကိုက မွန်းကြပ်ပြီး အသက်ရှူသံကိုက တခွီးခွီးနဲ့ တကယ့်ရောဂါသည်နဲ့တောင်တူနေပြီ။ အိမ်ပေါက်ဝခြေစုံရပ်မိတာနဲ့ Maskကို ဆွဲချွတ်မလို့ရှိသေး လေးလေးရဲ့ ပါးစပ်အော်လံကအသံပြဲကြီးထွက်လာပြီ။
👨ဟေ့ကောင် မျက်နှာဖုံးကြီးတပ်လို့ ဘာလဲ စတိုင်အသစ်ထွင်တာလား ကိုယ့်အာပုပ်နံ့ကိုယ်ရှူချင်လို့လား
လူတွေ့တာနဲ့ အတုံးလိုက်အတစ်လိုက်ဖဲ့မှုကြီးကြောင့် အသက်ရှူကြပ်ရာကနေ အော့အန်ချင်စိတ်ပါပေါက်သွားရသည်။
🖤မဟုတ်ပါဘူးဗျာ လေးလေးကလဲ နှာခေါင်းမှာဒဏ်ရာရလာလို့ဗျ
စိတ်တိုတိုနဲ့ Mask ဆွဲချွတ်ပြီးအော်တော့ လူကိုသေချာလာကြည့်ပြီး ဝါးလုံးကွဲသံကြီးနဲ့ ထရယ်လေတော့သည်။
👨အမလေး Perth ....မင်း နှာခေါင်းက ခုမှ နှာဂိုဒေါင်လိုပဲ ဟားးဟားးးဘယ်သူထိုးလွှတ်လိုက်တာတုံး မင်းကို
🖤 ထိုးလွှတ်တာမဟုတ်ဘူး ဒီလိုပဲလေ နည်းနည်းအမြင်မတော်လို့ဆုံးမရင်းနဲ့ action တစ်ကားလောက်ခပ်ကြမ်းကြမ်းရိုက်ဖြစ်ခဲ့ရုံလေးပါ ကျောင်းမှာ သိတယ်မှတ်လား လေးလေးတူအကြောင်း နည်းနည်းပါးပါးပါ ကိုယ်ခံရတာက ဟိုကောင်ဆို မျက်နှာတောင်မဖော်ရဲဘူး အဟဲ
တမင်တကာ ငပေါစတိုင်နဲ့ လျှောက်ပြောပစ်ရတာက အကြောင်းအရင်းရှိပါတယ်ဗျာ။ သူ့ရဲ့ ချစ်လှစွာသောဟန်နီရဲ့ တူလေးနဲ့ ပြဿနာဖြစ်ခဲ့ပါတယ်လို့သာပြောကြည့်လိုက်ပါလား ကျွန်တော်တို့အိမ်ကနေ ဒေါ်ဟန်နီတို့အိမ်ကို မြောင်းတင်မကပဲ ပင်လယ်တောင်ဖြစ်လောက်တဲ့အထိ သူလမ်းဖောက်တော့မယ်လေ။ အဲ့လိုအရေးတွေကြိုမြင်လို့လဲ ပါးစပ်ထဲရှိရာတွေလျှောက်ပြောပြီးဖုံးကွယ်နေရတာပါ။