အခန်း ၇

928 99 165
                                    

Unicode

You & Me

အခန်း ၇

ကျောင်းကနေ အိမ်စောစောပြန်ခဲ့ပြီး မေမေ့သမီး အလှကြီး လုပ်နေရတာ မလွယ်ပါဘူး။ ချိုသာ
ယဥ်ကျေးတဲ့ပုံလေးနဲ့ မီးဖိုချောင်ထဲ ဝိုင်းကူလုပ်ရင်း ညနေဘက်အလည်လာမယ့် အန်တီ ဟန်နီ့ဆီက ကိုယ်သိချင်တာတွေသိခွင့်ရဖို့ကို ကြိုးစားအားထုတ်ရမယ်လေ။

အချက်အပြုတ်ကတော့ ငယ်စဥ်တည်းက ဝါသနာပါလို့ ဝိုင်းဝန်းကူညီရတာ အပန်းမကြီးပေမယ့် ခက်နေတာက မေမေ့တရားတွေကို စီးရီးလိုက် နာနေရတာပါပဲ။

မိန်းကလေးဆိုတာကနေ အစချီကာ အမေဇုန်တောထဲ ရောက်ရောက်သွားရတဲ့ ကျင့်ဝတ်သိက္ခာတွေကို ကျွန်မသိပ်စိတ်ကုန်တာပါ။ ခေတ်ရေစီးကြောင်းကို သိပေမဲ့ ရှေးထုံးကိုလဲ မပယ်တဲ့ မေမေ့သမီးဖြစ်ရတာ တောထဲက မျောက်မကြီး နွယ်ကြိုးခိုစီးပြီး Cat walkလျှောက်နေရသလိုပဲသဟဇာတက ဘယ်လိုမှကို ဖြစ်မလာ။

ခုလဲ လင်ဖြင့် မပေးစားရသေးဘူး ကလေးက၃ယောက်လောက်မွေးခိုင်းပြီး အနာဂတ်ကို အတပ်ဟောနေတဲ့ ကျွန်မရဲ့အမေပါ။ ကျွန်မရဲ့ လိင်စိတ်တိမ်းညွတ်မှုကို ကိုယ်တိုင်ဝေခွဲမရ ဖြစ်နေသေးချိန်မှာ အမေ့ပါးစပ်ထဲမှာတော့ ကျွန်မက ကလေးတွဲလောင်းနဲ့ ဖြစ်နေပြီ။

"မိဒါ မိဒါ ညီးကို ပြောရတာလဲ မောပါတယ်အေ"

🐥 ရေသောက် မေမေ ရော့

စေတနာနဲ့ ရေခပ်ပေးတော့လည်း မျက်စောင်းကအဆစ်ထိုးခံရသေးတယ် ခပ်ပေးတဲ့ ရေလည်း မသောက်တာမဟုတ်။ အစ်မရဲ့ ကလေးတို့ရေ မင်းတို့ချင်းနီးစပ်ဖို့ အစ်မမှာ အမေ့ရဲ့တရားတွေကို ခါးစည်းခံပြီး နာနေတာ သိစေချင်တယ်ကွယ်။

တင်းတောင်~~~~~~~

"ဟဲ့ နင့်အန်တီ လာပြီထင်တယ် တံခါးသွားဖွင့်ပေးလိုက်ဦး"

ဆေးလက်စပန်းကန်ကို ဘေစင်ထဲ ပစ်ချပြီး အိမ်ရှေ့ကိုဘယ်လိုကဆုန်ပေါက်ရောက်သွားမှန်းတောင်မသိ။ ​ဘာပြောပြော အမေ့တရားတွေ ထပ်မနာရတော့ဘူးလေ။

👩သမီးလေး ကျောင်းကအစောကြီးပြန်ရောက်နေတာလား

🐥 ဟုတ်ကဲ့ အန်တီ သမီးဒီနေ့ အတန်းချိန်သိပ်မရှိလို့ပါ

🖤You & Me❤️ Where stories live. Discover now