အခန်း ၁၄

311 53 465
                                    

Unicode

🖤You & Me❤️

အခန်း ၁၄

အခန်းထဲမှာ ထိုင်လိုက် ထလိုက် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ လူကဒေါသတွေထွက်လို့ ပူလောင်နေရသည်။

ညနေကကျောင်းပြန်တုံးက N'Perthရဲ့ သူငယ်ချင်း Beeဆိုတဲ့ကောင်လေးနဲ့ လမ်းမှာတွေ့လို့ Perthရောလို့ မေးမိရာကနေ ကျွန်မကလေးနှစ်ယောက်ပြဿနာတက်တာတွေ အဲ့လိုပြဿနာတက်ရတာက ကောင်းကျိုးမပေးတဲ့ ဟို crushအစုတ်အပြတ်ကြောင့်ဆိုတာပါ ကြားခဲ့သိခဲ့ရတယ်လေ။

ကန်တင်းမှာမြင်လိုက်ရတည်းက သူ့အကြည့်တွေကို မသင်္ကာဘူးလို့ခံစားခဲ့ရတာ ခုတော့ခံစားမိတဲ့တိုင်း ပြဿနာရှာသွားတာပါပဲ။ သူဘာကိစ္စနဲ့ ကျွန်မကလေးတွေကြား ဝင်နှောင့်ယှက်နေရတာလဲ ဘယ်သူ့ကိုသူရည်ရွယ်နေတာမှန်းလည်း ခုထိမှန်းလို့မရ။ ဒီကြားထဲ ကျွန်မကိုပါ သူက ပြဿနာကြားထဲဆွဲထည့်သွားသေး။ ခုဆို Saintလေး ကျွန်မကို ဘယ်လိုထင်သွားမလဲ။

🐥ဒီ အကောင်အစုတ်အပြတ် မုန်းတယ်ဟဲ့ မုန်းတယ် တကယ်ပဲ

ဘာလုပ်လို့လုပ်ရမှန်းမသိတော့ ကုတင်ပေါ်က ခေါင်းအုံးတွေအရုပ်တွေကိုပဲ သူ့အမှတ်နဲ့အားရပါးရထုရိုက်ပစ်လိုက်သည်။

🐥ကျောင်းပြန်ဖွင့်တဲ့နေ့ နင်နဲ့ငါအတွေ့ပဲ ငါ့သားလေးတွေနင့်ကြောင့် နာကျင်ခံစားသွားရမှာ ငါ့ကလေးSaintလေးကပါ ငါ့ကို တမျိုးထင်သွားမှာ ငါမခံစားနိုင်ဘူးးးး ဂါးးးး အယုတ်တမာကောင် ရေခဲရိုက်ကောင် အရည်ပျော်ပြီး သေစမ်း

အားရပါးရထုနှက်ပြီးတော့ လူလည်းမောလာပြီမို့ အိပ်ရာပေါ်မှာ ခြေပစ်လက်ပစ် လှဲနေရင်းနဲ့ စဉ်းစားမိတာက Saintဆီ ဖုန်းဆက်ဖို့ပင်။ ခုလိုသူအထင်လွဲနေတဲ့အနေအထားမှာ ကိုယ့်ဘက်ကလည်း ရှင်းပြဖို့ဝန်ခံဖို့လိုတယ်လေ။

ဘာမှတွေးမနေတော့ဘဲ ဖုန်းခေါ်လိုက်တော့ ဟယ်လို ဆိုတဲ့အသံလေးက အားပြတ်နေသလိုမျိုးမို့ ဟိုရေခဲရိုက်ကောင်ကို စိတ်ထဲကနေ လုပ်သတ်မိပြန်သည်။

❤️ဟယ်လို မမDa

🐥N'နေကောင်းရဲ့လား ဒီနေ့ဖြစ်တဲ့ကိစ္စတွေ မမသိသင့်သလောက်သိပြီးပါပြီ အဲ့ဒါ မမရှင်းပြချင်လို့

🖤You & Me❤️ Onde histórias criam vida. Descubra agora