အခန်း ၁၆

588 43 577
                                    

Unicode

🖤You & Me❤️

အခန်း ၁၆

မနက်စောစောကျောင်းသွားဖို့ပြင်နေတုံး မေမေ့ဆီက ထူးထူးခြားခြား ဖုန်းခေါ်လာတာမို့ ကောက်ကိုင်လိုက်ရသည်။

🖤Hello မေမေ

"မေ့သားလေး ဘာတွေလုပ်နေတုံး"

🖤သား ကျောင်းသွားဖို့ ပြင်ဆင်နေတာ မေမေရဲ့  မေမေနေရောကောင်းရဲ့လား တစ်ခုခုဖြစ်လို့လား

"နေကောင်းပါတယ် ငါ့သားရယ် မေမေ ဒီနေ့ ဘန်ကောက်ကို ဆင်းလာရမှာ သားနဲ့ညကျမှ စကားတွေ တဝကြီး ပြောကြမယ်"

🖤မေမေ ဘန်ကောက်ကိုလာမှာလား ဘာကိစ္စနဲ့လဲ မေမေရဲ့

"မင်းဦးလေး မေမေ့မောင်ကိစ္စပေါ့ကွယ် ကဲပါ ညကျမှပြောကြမယ် ငါ့သား ကျောင်းသွားဖို့နောက်ကျနေဦးမယ် ဒါပဲနော် သား"

စိတ်မြန်လက်မြန် မွေးသမိခင်က ဖုန်းအရင်ချသွားတော့ လူကအတွေးပေါင်းစုံနဲ့ ဖုန်းကိုင်ရင်း မတ်တပ်မေ့ကျန်ခဲ့ပါပြီ။ ချစ်ရသူဆီက အဖြေမရသေးတဲ့အချိန်မှာ ရှေ့ကကားက အရင်ထွက်တော့မှာလား။ မဖြစ်ဘူး လုံးဝ ဘယ်လိုနည်းနဲ့မှ မဖြစ်ဘူးဗျာ။

စိတ်ပျက်လက်ပျက်နဲ့ ကျောပိုးအိတ်ဆွဲပြီး အခန်းထဲကထွက် အဆာပြေစားဖို့ စားပွဲမှာဝင်ထိုင်လိုက်ပြီး ထမင်းကြော်တစ်ဇွန်း ပါးစပ်ထဲကောက်ထည့်မိတော့ ရှေ့ကားကြီးက ပွမ်ပွမ်မြည်လာပြီ။

🧑ဟေ့ကောင် မင်းရုပ်က ဘာဖြစ်နေတာလဲ ပါးစပ်ထဲကဇွန်းကို ထုတ်လေ

သူပြောမှဇွန်းတန်းလန်းနဲ့ ကိုယ့်အဖြစ်ကိုယ် သတိထားမိပြီး ပြန်ထုတ်ရသည်။ ဟန်မပျက် ခေါင်းငုံ့စားနေပေမဲ့ စိတ်ထဲမှာတော့ အမျိုးမျိုးတွေးနေမိတာပါ။ မေမေက သူ့ကိစ္စနဲ့လာမယ်ဆိုမှတော့ သူနဲ့ အန်တီဟန်နီ့ကိစ္စဖြစ်ဖို့က ရာနှုန်းပြည့်ပဲလေ။ သူများကိစ္စ ကြားဝင်မဖျက်ချင်ပေမဲ့ သူတို့နီးစပ်ရင် ကျွန်တော်က ကျွန်တော့်ရစ်လုံးနဲ့ ဝေးရမှာဆိုတော့ လူကဘာလုပ်လို့လုပ်ရမှန်း မသိတော့ပါဘူး။

🧑ငါ့တူ မင်းဘာဖြစ်နေတာလဲ အပများမှီနေတာလား စောစောစီးစီး လူလိုမစားဘူး ပန်းကန်ထဲ ခေါင်းကစိုက်နေပြီ

🖤You & Me❤️ Onde histórias criam vida. Descubra agora