အခန်း ၉

826 94 150
                                    

Unicode

🖤You & Me❤️

အခန်း ၉

အချိန်မဟုတ် အခါမဟုတ်ရွာချတဲ့ မိုးကြောင့် အဆောင်ပေါက်ဝမှာ ကျောပိုးအိတ်ပိုက်ပြီးငုတ်တုတ်ထိုင်နေရပြီ။ ဒီညနေမှပဲ ဟိုကောင် Daren ကလည်း စောစောပြန်တယ်။ သူသာရှိနေရင် သူ့အိမ်ကလာကြိုတဲ့ကားနဲ့ ကပ်လိုက်လို့ရဦးမယ်။ အခုတော့ ဒီမိုး ဒီလေနဲ့ ထီးကမပါ ခက်တာပဲ။

မထူးပါဘူး ဒီတိုင်းပဲ ကျောင်းပေါက်ဝထိ မိုးစိုခံသွားပြီး ကားငှားပြန်ရမှာပဲ။ ထိုင်စောင့်နေရင် ကျောင်းကသရဲနဲ့ ညားနေလိမ့်မယ်။ စိတ်ပေါက်ပေါက်နဲ့ ကျောပိုးအိတ်ခေါင်းပေါ်တင်ပြီး ပြေးထွက်တော့ မိန်းလမ်းမကြီးပေါ်ရောက်မဲ့ လမ်းချိုးတစ်နေရာမှာ ဖြတ်ခနဲ ဝင်လာတဲ့ အရိပ်ကြောင့် လူကလန့်ပြီး လမ်းပေါ်ဖင်ထိုင်ရက်လဲပြီ။

🖤 မမြင်ဘူးလားကွ စက်ဘီးလာနေတာ

အသံကြားတာနဲ့ ကျက်သရေတုံးလွန်းလို့ ဒင်းကို မိုးကြိုးပစ်ချလိုက်စမ်းပါစေလို့ကို ဆုတောင်းမိသည်။

❤️ မင်းစက်ဘီးနဲ့ အတိုက်ခံချင်တယ်ထင်နေလို့လား မျက်မှန်တပ်ထားပြီး မိုးရေထဲ ပြေးလာတာကွ ကျက်သရေကို တုံးလွန်းတယ်

အောင့်တက်သွားတဲ့ တင်ပါးကိုပွတ်ရင်း ပြန်ကုန်းထပြီး စက်ဘီးကို လှမ်းဆောင့်ကန်တော့ သူလဲရုတ်တရက် မရှောင်နိုင်တာမို့ လမ်းပေါ်ပစ်ကျတော့သည်။

🖤  မင်း  ဘာလုပ်တာလဲကွ

❤️ ကြည့်မရလို့လေ

🖤 ကျစ် နာလိုက်တာ

ပခုံးကို ဆုပ်ကိုင်ထားရင်း စက်ဘီးအောက်ကနေ မထနိူင်တာမြင်တော့ တကယ်များ နာသွားတာလားလို့ တွေးမိသည်။ နာလည်း ကောင်းတာပဲ ဒီလိုအချိုးမပြေတဲ့ကောင်ကို ကြုံတုံး ပညာပေးရတာပဲဟာ။

ကိုယ့်လမ်းကိုဆက်သွားဖို့ပြင်တော့ ကင်းကောင်က အာပြဲကြီးနဲ့ထအော်တော့သည်။

🖤 လာကြပါဦးဗျို့ ဒီမှာ ကျွန်တော့်ကို မတရားလုပ်နေပါတယ်

မ်ိုးရွာနေပေမဲ့ ကျောင်းပြန်ချိန်မို့ ကားနဲ့ဖြတ်သွားဖြတ်လာတွေရှိနေသေးတာကို ခုလိုပုံနဲ့ ခုလိုအော်တော့ မဖြစ်သေးဘူးဆိုပြီး ပါးစပ်ပြေးပိတ်တော့
ဒင်းက ဝူးဝူးဝါးဝါး လုပ်နေသေး။

🖤You & Me❤️ Where stories live. Discover now