Unicode
🖤You & Me❤️
အခန်း ၈
ဘုရားခန်းနားမှာ လူးလာခေါက်တုံ့နဲ့ ဘဲမဘဝကနေ ပျားမဘဝရောက်နေရတဲ့ မနက်ခင်းလေး...
လူစင်စစ်ကနေ ပျားလို တဝီဝီအော်မိမတတ်ကို ရင်ထဲဗလောင်ဆူနေရတဲ့ ကျွန်မ DaDaရဲ့ ဘဝကို ဘယ်သူကမှ နားလည်ကြမယ်မထင်ပါဘူး။
ဘုရားခန်းထဲ ဘုရားရှိခိုးနေတဲ့ မေမေ့ကိုကျော်ပြီး ပုတီးတစ်ကုံးခိုးဖို့ကြိုးစားနေရတာ ရုပ်တောင်ကျချင်တယ်ရှင်။ ဘုရားရုပ်ပွားတော်ကို အပြင်ကနေပဲ ဖူးရင်း အမိုက်အမဲလေး တပည့်တော်ကို PerthSaint အတွဲညားပြီးကာမှ ခွင့်လွှတ်တော်မူပါလို့ စျေးဆစ်မိသေးတယ်။ ဟုတ်တယ်လေ ကျွန်မက သူတို့နှစ်ယောက်မညားမချင်း လေးပါးသီလကို နေ့ပြန်တိုးဆွဲ ကြိုးခုန်ပြီးကို ချိုးဖောက်နေမိမှာလည်း ဖြစ်ကောင်းဖြစ်လာနိုင်တာကိုး။
ငါးပါးကနေ တစ်ပါးဘယ်ကလျော့သွားလဲလို့တော့ လာမမေးနဲ့။ ယောကျာ်းလေးတစ်ယောက်ကို လင်ပေးစားဖို့ ရည်မှန်းချက်ကြီးကြီးနဲ့ ကြိုးစားနေရတဲ့ ကျွန်မလို fujo မက သူများလင်ကို ပြစ်မှားဖို့ အချိန်လည်းမရှိသလို စိတ်လည်းမဝင်စားဘူးလေ။ အဲ့တော့ကာ ဒီတစ်ပါးတော့ ကောင်းကောင်း စောင့်ထိန်းနိုင်ပါတယ်ရှင်။
ကျောင်းကနောက်ကျတော့မယ် မေမေကလည်း ဘဝအဆက်ဆက်က မဝင်ရသမျှ အဓိဌာန်ပေါင်းစုံ ဆင့်ဝင်နေသလားမသိ ကြာလိုက်တာ။ မထူးတော့ဘူး ခပ်တည်တည်နဲ့ ဝင်ခိုးရတော့မှာပဲ။ အသာအယာလေးခြေဖော့နင်းပြီး ဘုရားခန်းထဲအဝင်မှာပဲ ဓာတ်စက်ကြီးကပွင့်သွားပြီ။
"ဟဲ့ မိဒါ ညီး အဲ့ဒါဘာလုပ်နေတာလဲ ဘုရားခန်းထဲ ကုန်းကုန်းကွကွနဲ့ "
မေမေ့ ဓာတ်စက်ပွင့်တာနဲ့ သူခိုးခြေလှမ်း လှမ်းနေရာကနေ အလိမ္မာလေးပုံစံချက်ချင်းပြောင်းရပါပြီ။ ဗြုန်းခနဲ ကြမ်းပေါ်ထိုင်ချ ဘုရားဦးသုံးကြိမ်ချရင်း မုသာဝါဒကံကို အင်နဲ့အားနဲ့ ချိုးဖောက်ရပါတော့မည်။
🐥 သမီး ဒီနေ့ ဥပုသ်စောင့်မှာ မေမေ ကျောင်းကလည်း သွားရမှာဆိုတော့လေ သမီး ကျောင်းမှာ တီချယ်မဝင်တဲ့အချိန်လေး ပုတီးစိပ်ချင်လို့