Unicode
🖤You & Me❤️
အခန်း ၃
မကျေနပ်ခြင်းအခံနဲ့ ကျောင်းဝန်းထဲ ဝင်လာတဲ့ခြေလှမ်းတွေက တစ်လှမ်းနဲ့တစ်လှမ်းကြားမှာ ဧက တစ်ရာလောက်ခြားနေပါပြီ။
ကျောင်းရှေ့တွေ့မယ်ဆိုတဲ့ အကောင်က အခုအမြီးတောင်မတွေ့ရ။
ကျောမှာလွယ်ထားရတဲ့ သူ့ကျောပိုးအိတ်ကို ဘယ်စကြဝဠာရောက်ရောက် ဝှီးကနဲလွှင့်ပစ်ချင်စိတ်ကလဲ တားမနိုင်ဆီးမရ တကြွကြွနဲ့။
လက်သီး၂ဖက်ကျစ်ကျစ်ပါအောင်ဆုပ် ဧကတစ်ရာခြေလှမ်းတွေနဲ့ Ecoဆောင်ထဲဝင်လာတဲ့ ကျွန်တော့်ကို မင်းသားတစ်ပါးလို့များ အထင်မှားနေကြလားမသိ။
အကြည့်တွေ အကြည့်တွေဆိုတာ ခါချသပ်ချရင်ပြည်တောင်းကြီးနဲ့တောင် ရလောက်ပါရဲ့။
Ecoဆောင်ထဲသာ ဝင်လာရတာ အဲ့ငတိကဘယ်အခန်းမှန်းလဲမသိ။
🖤 ဟေ့ ဒီမှာ
အနားကဖြတ်သွားတဲ့ကျောင်းသူနှစ်ယောက်ကို လှမ်းခေါ်တော့ ပြန်ကြည့်တဲ့မျက်လုံးတွေကိုက ဗို့အားတစ်ထောင်အလင်းဆောင်နေတဲ့ မီးလုံးကြီးတွေလို ပြောင်ပြောင်ပြောင်ပြောင်နဲ့။
"ဟုတ် ဘာကူညီပေးရမလဲရှင့် ဟီး"
အံမယ် အဆုံးသတ်မှာ ဟီးလိုက်သေး မြင်းမတွေများလားမသိ။
🖤 ဟို ပထမနှစ် အခန်းက ဘယ်နားမှာလဲခင်ဗျ လမ်းညွှန်ပေးလို့ရမလား
" ဒီကနေ တည့်တည့်သွား ဘယ်ချိုးပြီးရင်လှေကားတွေ့လိမ့်မယ်ရှင့် အဲ့လှေကားအတိုင်းတည့်တည့်တက်သွားရင် ပထမဆုံးအခန်းပဲရှင့် "
🖤 ဟုတ် ကျေးဇူးပါဗျ
မြန်မြန်ဆန်ဆန်ပဲကျေးဇူးတင်လိုက်ပြီး သူတို့ရှေ့ကထွက်လာတာတောင်မှ စကားလုံးတွေက ကပ်ပါလာသေး။
" အဆင်လေးဟယ် ဟဲ့ ခွဲစမ်း seme လား ukeလား"
ထိုင်းတစ်နိုင်ငံလုံးက မိန်းမတွေ အဓိဌာန်နဲ့များ ယောကျာ်းမယူချင်ကြတာလားမသိ။
ယောကျာ်းမြင်ရင် လင်ပေးစားချင်တာက ပိုးလောက်လန်းတွေဓာတ်လိုက်နေတဲ့အတိုင်းပဲ ပြာယာကိုခတ်လို့။