Unicode
🖤You&Me❤️
အခန်း -၁၀
အမြဲတစေ ရန်သတ်နေရတဲ့ လူနှစ်ယောက်ဟာ အိမ်ပြန်လမ်းတစ်လျှောက် သူ့အိမ်နားရောက်ခါနီးသည်အထိအပ်ကျသံပင်ကြားရသည်ထိ စကားတစ်လုံးတောင်မပြောဖြစ်ဘဲ ငြိမ်သက်နေကြသည်။
မှုန်ကုပ်နေတဲ့မျက်နှာနဲ့ကောင်က တစ်စုံတစ်ရာကို အကြီးအကျယ် အလိုမကျနေမှန်းသိသာလွန်းသည်။ရန်ဖြစ်နေကျမို့ သူ့ရဲ့အလိုမကျမှုဟာ ကိုယ့်ကြောင့်လား ဒါမှမဟုတ် ဒီတိုင်း အတန်းထဲတစ်ခုခုဖြစ်လာလို့လား။
မဆီမဆိုင်အတွေးတွေကို အာရုံထဲကနေမောင်းထုတ်နေတုံး အမေးစကားတစ်ခွန်းကြားလိုက်ရသည်။
🖤မင်းက gay လား
❤️ဟမ် ဘာပြောလိုက်တယ်
🖤မင်းက gay လားလို့ ယောကျာ်းတွေကို ကြိုက်လားလို့ မေးနေတာ
❤️ငါသာ ယောကျာ်းကြိုက်နေရင် မမ DaDaကို မင်းနဲ့ပြိုင်လုနေစရာအကြောင်းမရှိဘူး ပြီးတော့ နေစမ်းပါဦး မင်းကဘာလို့ ငါ့ကို ရုတ်တရက်ကြီး အဲ့လိုထူးဆန်းတာတွေမေးနေတာလဲ
🖤 မေးရတာပေါ့ကွ မင်းနဲ့ ကျောင်းက Cool guyကြီးနဲ့သတင်းက မကြားချင်မှအဆုံးပဲလေ
❤️ဒီမှာ ငါကယောကျာ်းစစ်စစ် သူနဲ့လည်း ဘာမှမပတ်သက်ဘူး ပြီးတော့ ငါ့ဖြစ်တည်မှုက ဘာဖြစ်နေနေ မင်းငါ့ကို ခုလိုပုံစံ စစ်ဆေးမေးမြန်းတာကို ခံနေရစရာအကြောင်းလည်း မရှိဘူး
🖤 ကိုယ့်ဟာကိုယ် ဘာမှန်းမသိဘဲ ဖြစ်နေမှာစိုးလို့ငါကအသိတရားလေးဝင်အောင်မေးပေးရတာပါကွာ
❤️မင်း လက်နောက်တစ်ဖက် ထပ်ကျိုးသွားချင်လို့လား
🖤ခုထက်မက ပိုပြီး တာဝန်ယူချင်တယ်ဆိုတဲ့ သဘောလား
ကပ်သီးကပ်ဖဲ့နဲ့ လူကိုပြောဆိုနေတော့ ကားပေါ်ကနေကန်ချချင်စိတ်ကပေါက်လာပြီ။ဒီကောင်နဲ့ ကျွန်တော် ဒီတစ်သက်အကြောတည့်လာစရာအကြောင်းလည်း ရှိလာမှာကိုမဟုတ်ပါဘူး။
အခု သူကကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်ရအောင်လုပ်တော့ ကိုယ်လည်းပြန်လုပ်ရုံပေါ့။ တန်ပြန်သက်ရောက်မှုတွေ ငါ့ဆီကနေ မင်းအမြဲတမ်းရနေစေရမယ် Perth...