Unicode
🖤You & Me❤️
အခန်း ၁၇
📱ဘာဘာဘာ....ဘာဘာ နာနာ...
ညက ရင်ခုန်တာများပြီး အိပ်မရလို့ မိုးလင်းခါနီးမှ အိပ်ပျော်ပါတယ်ဆိုမှ ဖုန်းကလာနေပြန်ပြီ။ မျက်လုံးမဖွင့်ဘဲ ဖုန်းသံကြားရာ လိုက်စမ်းပြီး ဖုန်းကိုင်လိုက်တော့ ဟယ်လိုလို့တောင် မပြောရသေးခင် ကြားရတဲ့ အသံက....
ပလုံ.....ပတောက်...ပတောက်....
ဘာလဲ ငါ တိုက်ပွဲကြားထဲ ရောက်နေတာတော့မဟုတ်ပါဘူးနော်။ စက်သေနတ်သံလို ပတောက် ပတောက်တွေဘာလို့ကြားနေရတာလဲ။
🖤ဟယ်လို ကိုယ့် ငှက်ပျောသီးလေး
အသံကြားတော့ ရင်ခုန်ခြင်းနဲ့အတူ မျက်လုံးက ပြူးခနဲပွင့်သည်။ဒါ ဘဝမှာ ပထမဆုံး ချစ်ရသူဆီက မနက်ခင်းအိပ်ရာနှိုးတဲ့ ဖုန်းကို လက်ခံရဖူးခြင်းပဲ။
❤️ဘာ ငှက်ပျောသီးလဲ မင်းနော်
ရင်ခုန်ပေမဲ့ ခေါ်ခံရတဲ့ နာမ်စားက ကဗျာမဆန်တာတော့ သိပ်မကျေနပ်ချင်တာမို့ ရန်တွေ့တော့ ရယ်သံသဲ့သဲ့ကိုကြားရသည်။
🖤Minion ရစ်လုံးလေးကလည်းကွာ ကိုယ်က ချစ်လို့ဟာကို ကိုယ့်အမျိုးသားလေး ထတော့
❤️မထချင်သေးဘူး စောသေးတယ် အိပ်ဦးမှာကွာ
🖤ထပါ ရစ်လုံးရာ ကိုယ်တို့ မနက်စာသွားစားကြမယ်လေ ကိုယ်လာကြိုမယ်လို့ ညကပြောထားပြီးသားကို လိမ္မာတယ် ထတော့နော်
ပြောနေရင်းနဲ့ စက်သေနတ်သံ အသေးစားတွေထပ်ကြားရပြန်တာမို့ မနေနိုင်မထိုင်နိုင်မေးမိပြီ။
❤️နေပါဦး မင်း အခုဘယ်ရောက်နေတာလဲ ပလုံ ပလုံ ပတောက် ပတောက်အသံတွေက ဘာသံတွေလဲ
🖤ဪ ကိုယ် အီးပါနေတာလေ
❤️ဘာ......အခု မင်းငါ့ကို အိမ်သာထဲကနေ ဖုန်းခေါ်နေတာပေါ့ ညစ်ပတ်တယ်
🖤အီးပါနေရင်းနဲ့ စောစောထစေချင်လို့ ဖုန်းဆက်
❤️အဲ့ အီးက ပါးစပ်ထဲက မချနဲ့ ငုံထား
🖤အင်း....ဟာကွာ ဘာကိစ္စ ငုံထားရမှာလဲ အချစ်ကလည်း
❤️မင်းပဲ မြိန်ရေယှက်ရေ ပြောနေတာလေ အဲ့ အီးကို ပါးစပ်ကမချဘဲနဲ့