ဖေကြီး... ခုထိဘာသတင်းမှမရသေးဘူးလား....
အင်း....မေအော်... မင်းပေးထားတဲ့ photo က မင်းတို့အသက် ၁၈ လောက်ပဲရှိသေးတာလေ... ခုမင်းတို့ ကွဲကွာသွားတာက ၃၅ နှစ်ကြီးများတောင်လေ.... ဘယ်လွယ်ကူပါ့မလဲ.....
ယောက်ကျားဖြစ်သူရဲ့စကားကြောင့် xz ၏မိခင် မေအော်မှာ စိတ်ဓာတ်ကျနေလျက်......
မေအော်..... ဖေကြီးရယ်... ကျမလေ သူ့ကိုသိပ်လွမ်းတာပဲ......
ဦးရှောင်ဇီ.... အေးပါကွာ....ကိုယ်ဒီထက်ပိုp ကြိုးစားရှာခိုင်းပေးပါ့မယ်...အရမ်းလဲစိတ်မကောင်းမဖြစ်ပါနဲ့ ရှာတွေ့မှာပါ.... မင်းမှာလဲ နှလုံးရောဂါရှိတာသတိရဦး.... မင်းကိုယ့်ကို ကိုယ် ဂရုမစိုက်ရင် ကိုယ် မရှာပေးဘူးနော်......
မေအော်....... အင်း.... ကျမ ကိုယ့်ကို ဂရုစိုက်ပါမယ်...သူ့ကိုတော့တွေ့အောင်ရှာပေးပါ.....
ဦးရှောင်ဇီ မိန်းမဖြစ်သူအားဆေးတိုက်p အိပ်ပျော်သွားမှ အခန်းထဲက ထွက်လာကာ စာကြည့်ခန်းထဲဝင်သွားခဲ့သည်....
သူ့မိန်းမ သူနှင့်အိမ်ထောင်ကျကတည်းက အမြဲတမ်းတနေတဲ့တစ်ဦးတည်းသောသူက သူမ၏ငယ်သူငယ်ချင်း ဖေးအာ.... တစ်ခါတစ်လေ မနာလိုတောင်ဖြစ်မိပါရဲ့.... မိန်းမဖြစ်သူက နဂို နှလုံးအားနဲတဲ့သူ.... သားလေးကိုမွေးp မှ ရောဂါက ပိုဆိုးလာခဲ့တယ်...
အသက်ကိုမထိခိုက်လောက်ပေမဲ့ သိပ်ချစ်ရတဲ့သူမို့ မျက်နှာအငြိုးကိုပင်မခံချင်...အာ့ကြောင့် သားလေး တစ်ယောက်တည်းမွေးထားp သားကြောတောင်ဖြတ်စေခဲ့တာ.....
မိန်းမဖြစ်သူ က အစွဲလမ်းကြီးလေတယ်.... ခုလဲ သားဖြစ်သူက အသက် ၂၆ အရွယ်မို့ အိမ်ထောင်ရက်သားချပေးချင်p တဲ့လေ....ဘာလို့လဲဆိုတော့ ဖေးအာနဲ့ငယ်စဥ်ကတည်းက အိမ်ထောင်အသီးသီးကျတဲ့အခါ သားသမီးချင်းပေးစါးမယ်ဆိုတဲ့ ကတိကြောင့်တဲ့လေ.....
ဦးရှောင်ဇီ စဥ်းစားနေတာကို ဖျောက်p ph ထုတ်ကာ No.တစ်ခုကိုခေါ်လိုက်ကာ... လူရှာခိုင်းသည့်အလုပ်ကို ထပ်မံတိုးကာလုပ်ဆောင်ဖို့မှာကြားလိုက်ကာ သက်ပြင်းမောကြီးသာချလျက်.......
............... ................ .......... ......
Xz.တစ်ယောက် ဝတ်စုံပြည့်ဖြင့် သွက်လက်တက်ကြွနေသည်....မှန်ကိုကြည့်ကာ ကိုယ် ကို တစ်ပါတ်လှည့်p ခေါင်းစခြေဆုံးကြည့်p ကျေနပ်သည့် အပြုံးတစ်ပွင့်ဖန်ဆင်းလိုက်သည်.....
YOU ARE READING
ချစ်ရပါသော....သူ(Complete)