ချစ်ရပါသော...သူ Ep(21)

2.2K 80 1
                                    

ဒီနေ့ ရိပေါ်နဲ့ Ge ချုံချင်းရောက်လေပြီ....

အမှန်တော့ ကိုကို နဲ့ သွားဖို့ပင် ကိုကို ကအရေးကြီးအလုပ်ကိစ္စကြောင့် နေခဲ့ရတာ...။

ဒီဘက်က ဂေဟာမူးကလဲ ဒီနေ့ လာမည် အကြောင်းကြားထားပြီးပြီမို့ မလာတော့လို့လဲ မဖြစ်တာကြောင့် လာခဲ့ရခြင်းဖြစ်သည်....

ခုရိပေါ် လာတာကို ကိုကို က လုံးဝ စိတ်မချ အစက ဟောက်ရွမ်းနဲ့လာမယ်ဆိုလဲ ရွမ်းလေးကလဲ ဆိုင်ပစ်ခဲ့လို့မရဘူးလေ...ဆိုင်ကလဲ ရိပေါ်မရှိရင် ရွမ်းလေးရှိမှဖြစ်တာကြောင့်....။

နောက်ဆုံး ရွမ်းလေးက Ge ကိုမေးကြည့်တော့ အတော်ပင် Ge ကလဲ ချုံချင်းမှာ အလုပ်ကိစ္စစာချုပ်ချုပ်စရာရှိတာကြောင့် ရိပေါ်နဲ့အတူလာဖြစ်သွားတော့မှပဲ ရွမ်းလေးနဲ့ ကိုကို ဘာမှမပြောတော့တာ.... မဟုတ်ရင် နှစ်ယောက်လုံး ရိပေါ်ကိုနားပူလို့မပြီးတော့ပေ...
မားကလိုက်ချင်ပေမဲ့ မားရောဂါကြောင့် ရိပေါ်က ခရီးပန်းမှာဆိုးလို့မခေါ် လာခဲ့တော့တာ...။
ကိုကို ကတော့ ရိပေါ်သွားမယ်ဆိုတော့ သူမလိုက်တာက တစ်ကြောင်း ရိပေါ်နဲ့မခွဲနိုင်ဘူးပြောတာက တစ်ကြောင်း.... စိတ်မချဘူး....ဂရုစိုက်နော်... စသောစသော မှာကြားမူ့တွေကို မှာလိုက်သည်မှာ မပြီးနိုင်မစီးနိုင်....။ တောက်လျှောက် ph ခေါ်သည်မှာလဲ ကျိယန် ge တောင် မျက်စောင်းထိုးလေပြီ....။

ဟော ပြောရင်းဆိုရင်း ခုလဲ ph ဆက်နေပြန်ပြီ.. ဘယ်နှခါမြောက်မှန်းတောင် မသိတော့ဘူးရယ်....
Yb..... Hello koko...

Xz...... ရောက်ပြီလား သဲငယ်....

Yb...... အင်း...ခုပဲ ရောက်တယ်...

Xz...... အဆင်ကောပြေရဲ့လား ငယ်.. ကားအကြာကြီးစီးရတော့ ခေါင်းတွေနောက်နေသေးလား... မူးကော မူးလား... Hotel ရောက်တာနဲ့ တန်းပြီးနားနော် ပြီးမှ ဂေဟာသွားနော်... ပြီးရင် ရေ အကြာကြီးမချိုးနဲ့နော် အအေးပတ်မယ် ချုံချင်းမှာက ရာသီဥတုအေးတယ်ကြားတယ် ကိုကို အနွေးထည်တွေထည့်ထားပေးလိုက်တာတွေ ဝတ်နော်... နဲနဲနေမကောင်းဘူးထင်တာနဲ့ ဆေးလဲတန်းသောက်နော်... ခရီးဆောင်အိတ်ရဲ့ဘေးဇစ်ထဲမှာ ကိုကို ဆေးတွေလဲထည့်ထားပေးတယ်သိလား... ပြီးတော့လေ.....

ချစ်ရပါသော....သူ(Complete)Where stories live. Discover now