ရိပေါ် ဒီနေ့ မားဆီရောက်နေတယ်.... မားအုတ်ဂူလေးရှေ့ရပ်ကာ စကားတွေပြောနေမိတယ်.... ကြည်နူးခြင်း ဝမ်းနဲခြင်းတွေနဲ့ပေါ့.... ကိုကို ကတော့ ရိပေါ် ဘေးရပ်ကာ ရိပေါ်လက်ကို ဆုပ်ကိုင်လို့ထားတယ်......
Yb...... မား.... ဟိုး အဝေးကြီးမှာ မားနဲ့ပါးတွေ့နေကြပြီလား.... မားပျော်နေတယ်မလားဟင်.... မားသေချာပေါက်ပျော်ရမယ်နော်.... သားကိုလဲ စိတ်ချနော်.... ခုမားတွေ့နေတယ်မလားသားပျော်ရွှင်မူ့တွေကို.... ဒီမှာကြည့် မား မြေးရတော့မယ်တွေ့လား(ဟုပြောကာ ၆ လအရွယ်သူ့ဗိုက်လေးအားပွတ်ပြလေတယ်....) သားစောစော မလာနိုင်တာ ခွင့်လွတ်ပါမား... အမှန်ဆို မားမြေးလေးရပြီဆိုတာသိကတည်းကပြောပြချင်တာပါ..... ဒါပေမဲ့ခုလဲ နောက်မကျသေးပါဘူးနော်.... နောက်ဘဝတွေရှိခဲ့ရင်လဲ ဝမ်လေးက မားရဲ့သားပဲ ဖြစ်ချင်တယ်နော်မား......
ရှေ့နောက်မညီတဲ့ စကားများပြောကာ ရီလိုက်ငိုလိုက်လုပ်နေတဲ့ သဲငယ် ကို ရင်ခွင်ထဲဆွဲသွင်းကာ ယောက်ခမကြီးကို ရှောင်ကျန့်လဲ စကားတွေပြောမိပြန်တယ်....
Xz....... ကျေးဇူးတင်ပါတယ် မား... ဝမ်လေးကို မွေးဖွားပေးခဲ့လို့.... ကျေးဇူးတင်တယ် မား.... ဝမ်လေးကို စိတ်ချလက်ချ ကျနော့်ကိုပေးခဲ့လို့.... မားစိတ်ချနော်... ဝမ်လေးကို ကျနော့် အသက်ထက်တန်ဖိုးထားပါ့မယ်.... ကျနော့်အချစ်တွေနဲ့ ဝမ်လေး စိတ်ချမ်းသာစေမယ်.... ကျနော့် ဘဝနဲ့ ရင်းပြီး အရာရာကို ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးမယ်....
မားကို ကတိတွေပေးနေတဲ့ ကိုကို ကြောင့် ရိပေါ် ပျော်ရပြန်တယ်... ကျနေတဲ့မျက်ရည်တွေက သေချာပေါက် ပျော်လို့ဖြစ်ပါလိမ့်မည်... ဘာမှမလိုတော့ပါဘူး... ကိုကို ရှိရင် ငယ့် အတွက်ပြည့်စုံပြီမို့......
မားကိုနူတ်ဆက်ကာ ပြန်လာခဲ့ကြပြီးနောက် တာဝန်ကိုယ်စီနဲ့ တစ်နေ့တာဟာကုန်ဆုံးပြန်တယ်....
.
.
.
.
.
.ရက်လတွေအလီလီပြောင်းခဲ့ပြီ......၃လဆိုတာ ဖင်လှည့်ခေါင်းလှည့်ကုန်ဆုံးခဲ့သည်.....ဆောင်းတွင်းရောက်ပြီဖြစ်သောကြောင့် ချယ်ရီပန်းများက နေရာအနှံဖူးပွင့်ကာ လှသွေးကြွယ်နေကြသည်... မြောက်ပြန်လေကတိုက်ခတ်ကာ လှေအဝေ့နှင့် ပန်းရနံသင်းသင်းလေးများက ကြည်နူးစရာ...
YOU ARE READING
ချစ်ရပါသော....သူ(Complete)