ရိပေါ် တို့ ပေကျင်းပြန်ရောက်လေပြီ.... ။
နာရီကြည့်တော့ မနက် ၁၁နာရီ.... ကိုကို့ ကို ညနေမှပြန်ရောက်မယ် လို့ပြောထားသောကြောင့် ကိုကို က company ရောက်နေမှာအသေချာ...။
company. လိုက်သွားပြီး Suprise လုပ်မယ်လို့တွေးထားတယ်.... ။အိမ်ရောက်တာနဲ့ မားက အံသြကာ ကိုကို့ကို ph ဆက်ရန်ပြင်တော့ ရိပေါ် တားရတယ် ကိုကို့ကို အံသြစေချင်လို့ပြောကာမှ
မားက ရီကာ အဆိုးလေး ဟု ချစ်စနိုးပြောပြီး ဖက်ရှာတယ်...။
မားကပြောတယ် ကိုကို က ကျနော့်ကို အရမ်းလွမ်းနေတာတဲ့လေ..။
. ထမင်းလဲ သိပ်မစားဘူး အိမ်ပြန်လာတာနဲ့ အခန်းထဲမှာသာ အချိန်ကုန်နေတတ်တယ်တဲ့... မြန်မြန်သာ company. လိုက်သွားပြီး မားသားလေးကို ပျော်အောင် လုပ်ပေးပါတဲ့လေ.... ။
ကဲပြော မားကော ကိုကိုကော နဲနဲများ ပိုမနေဘူးလား ရိပေါ်သွားတာ အတိကျ ၅ ရက်တည်းပါ....။
ရိပေါ် ရေမိုးချိုး အဝတ်စားလဲရန် အပေါ်ထပ်သို့တတ်သွားလိုက်တယ် ပြီးတာနဲ့ ကိုကို့ ဆီ သွားရမယ်လေ....။
အခန်းထဲဝင်လိုက်တာနဲ့.... မြင်ရတဲ့ အရာတွေကြောင့် ရိပေါ် အံသြသွားသလို ပျော်လဲပျော် ကြည်နူးလဲကြည်နူးရပါတယ်...။
အခန်းထဲမှာလေ ကိုကိုက ရိပေါ်ပုံလေးတွေကို နံရံတွေမှာ ချိတ်ကာထားတယ်...။
အင်း... ကိုကိုနဲ့ တွဲရိုက်ထားတဲ့ပုံတွေကော... ရိပေါ်တစ်ယောက်တည်းပုံတွေကော...ခေါင်းရင်းနံရံမှာလေ... ကမ်းခြေမှာ ရိပေါ်ကို လူလည်ကျပြီး နမ်းနေတဲ့ပုံလေးကို size အပြည့်ချိတ်ထား . ပြီးတော့ ဘေးဘက်နံရံတွေမှာက ကမ်းခြေမှာ ကမ်းခြေဝတ်စုံဆင်တူ လေးနဲ့ရိုက်ထားတဲ့ပုံ လေးတွေ.. ပြီးတော့ ရိပေါ် ဆံပင် ရှည်နဲ့တုန်းက ပုံလေးတွေ... ဆံပင်မညှပ်ခင်တုန်းက ပုံတွေကိုဘယ်အချိန်က ခိုးရိုက်ထားပါလိမ့်.... ။
ရိပေါ်ကို မျက်ရည်ကျစေတဲ့ပုံလေးကတော့ အရင်က May ဓာတ်ပုံထားတဲ့ ကိုကို့ ခေါင်းရင်းဘေးလေးမှာလေ ရိပေါ်ရဲ့ပုံလေးက နေရာယူခဲ့ပြီ... ရိပေါ်ဒီပုံလေးကို သေချာပေါက်မှတ်မိတာပေါ့ ရိပေါ်နဲ့ကိုကို လက်ထပ်တဲ့နေ့က ပုံလေးပင်....ဓာတ်ပုံဘောင်လေးမှာ ကိုကို ရေးထားတဲ့စာတမ်းလေးက 😘ချစ်ရသော...သူ😘 သဲငယ်တဲ့လေ....။
. ရိပေါ် ကို x..ma က လှတယ်လို့ပြောတဲ့အချိန် ရိပေါ်မားက မားနဲ့တူလို့လှတာလို့ပြောတော့ ရိပေါ်ရီမိလိုက်တဲ့အချိန် ကိုကို ခိုးရိုက်ထားတာဖြစ်ပါလိမ့်မယ်... ဘာလို့အသေးစိတ်မှတ်မိနေတာလဲ သိလား... လက်ထပ်ပွဲနေ့က ရီပေါ် ရီမိတာ အဲ့တစ်ချိန်တည်းရှိလို့ပါ... ဒါနဲ့နေပါဦး... အဲ့အချိန် ကိုကိုနဲ့ ရိပေါ်မတွေ့ဖူးကြသေးဘူး... ဒါ..ဒါဆိုရင် ရိပေါ် ကို ကိုကိုက အဲ့ချိန်ကတည်းက စိတ်ဝင်စားခဲ့တာလား....ထပ်ပြီး အံသြရသည်က အံဆွဲထဲမှာ May နဲ့ပက်သက်သမျှဘာမှမရှိတော့တာပင်....
YOU ARE READING
ချစ်ရပါသော....သူ(Complete)