ဒီနေ့ကမားရဲ့မွေးနေ့မလို့ ရှောင်ကျန့် အလုပ်တွေအပြီးဖြတ်နေရတယ် ညနေ စောစော ပြန်ရမှာမလို့.... ပါးလဲထိုနည်းတူပင်..။
ဒီနေ့က ရှောင်ကျန့်တို့ Fashion ကြော်ငြာ အတွက် စာချုပ်ချုပ်ရန်ရှိတာကြောင့် Meeting လဲ တတ်ရဦးမည်...။
အရေးကြီးတာကြောင့် လော၍လဲမဖြစ်....
စာချုပ်ချုပ်မဲ့သူက Korea က company..... CEO ကိုယ်တိုင် လာမှာကြောင့်လဲ ပိုပြီးအရေးကြီးလေသည်....။
ထိုသူက Korea က ဆိုပေမဲ့လဲ ရှောင်ကျန့်တို့ GR မှာလဲ တတိယအကြီးဆုံးShare ဝင်လဲဖြစ်တယ်....အာ့ကြောင့် Magazine အတွက် ကို သူ့မှာလဲ ပြောရေးဆိုခွင့်ရှိတယ်..... ခုမှ ၁၂ နာရီခွဲ Meeting က ၁ နာရီမှ ဆိုတော့ ၃ နာရီလောက်တော့ ပြီးနိုင် ပါတယ်.... မား မွေးနေ့ ကိုတော့ သဲငယ်တို့ ဆိုင်လေးမှာပဲ လုပ်မှာ ဆိုတော့ ညဘက် Party လေးပေါ့...။
ဘယ်လိုပဲဖြစ်ဖြစ်တော့ အချိန်မှီလောက်ပါတယ်လေ ဟုတွေးကာ Meeting. ခန်းထဲသွားရန် ဖိုင် များပြင်ဆင်ကာ အခန်းထဲမှ ထွက်လာခဲ့လိုက်တော့တယ်.......Meeting. ထဲဝယ် လူစုံတတ်စုံ ဆွေးနွေးနေသည်မှာ ၁ နာရီလောက်တော့ရှိလေပြီ...
. ကြော်ငြာအတွက် အကုန်အဆင်ပြေ ညှိနိူင်း ပြီးသလောက်ရှိပေမဲ့ CEO မကြိုက်သည်က ဝတ်ပြီး ရိုက်ပေးမဲ့ Model... ဘယ်လိုပင် နာမည်ကြီး သူများကိုပြပြ သူက သဘောမကျ..... သူက Fashion ထက်ရုပ်ရည်ကိုဦးစားပေးတဲ့သူပဲလို့တောင် ထင်မှတ်မိတယ်....
အဲ့လိုတွေးရအောင်လဲ ရှောင်ကျန့်တို့ သုံးမဲ့ သူတွေကလဲ တစ်ကယ့် အချောတွေချည်းပင်....ဘာကိုဇီဇာကြောင်နေမှန်းမသိ....
ရှောင်ကျန့်....... ok... တစ်ယောက်မှ မကြိုက်ဘူးဆိုတော့ CEO ရွေးထားတဲ့သူ...သဘောကျတဲ့သူများရှိလား.... ကျနော်တို့ဘက်က ပြစရာ Model ကတော့ ကုန်ပြီ....
ရှောင်ကျန့်စကားကို သူ့အတွင်းရေးမူးက ဘာသာပြန်ပေးနေလေသည်.... ထိုသူက ခေါင်းတငြိမ့်ငြိမ့်ဖြင့် စကားပြန်ပြောပြီး စကားပြန်သူက ပြန်ပြောတာက....
...... ဟုတ်ကဲ့... CEO ကပြောပါတယ်...သူဝတ်စေချင်တဲ့သူရှိပါတယ်တဲ့ အဲ့သူ တစ်ယောက်နဲ့ပဲ Magazine ရိုက်ချင်တယ်တဲ့ တစ်ခြားသူမသုံးချင်ဘူးတဲ့...ဒီတစ်ယောက်ပါတဲ့....။
laptop ကို join p projector ကိုထိုးပြလိုက်တယ်... အားလုံးသောသူတွေရဲ့ အာရုံက Projector ပေါ်မှာပေါ့.....
YOU ARE READING
ချစ်ရပါသော....သူ(Complete)