ပျက်ရက်အတွက် နှစ်ပိုင်း Up ပေးလိုက်ပါတယ်ရှင့်....!!
ကိုယ့်ကို ခနလောက်ထိုင်ခွင့်ပြုနော်....ဟူသောအသံနှင့်အတူ ရိပေါ် နားမှာဝင်ထိုင်လိုက်တဲ့ လူစိမ်းတစ်ယောက်....
ရိပေါ်....... ဝိုင်းတွေအများကြီးလွတ်နေတယ်မဟုတ်လား တစ်ခြားဝိုင်းသွားထိုင်ပါလား....ဒီမှာ လူရှိတယ်.....
ရိပေါ်ပြောတော့ ဝမ်ချောင်ပြုံးလိုက်တယ်....ဟက်...အစွာလေးပဲ....အင်း... တုံး..အ နေတာထက်စာရင် ပိုကောင်းပါတယ်....
ဝမ်ချောင်...... ကိုယ်က ခနပဲထိုင်မှာပါ...ပြောစရာလေးရှိလို့.....ညနေကလေ... မင်းလေးကယ်လိုက်တဲ့သူက ကိုယ့်ဝန်ထမ်းလေးပါ... အဲ့တာကျေးဇူးတင်မလို့.....
ဟုတ်တယ် ညနေက အဖြစ်ပျက်အားလုံးကို ဝမ်ချောင်တွေ့လိုက်တယ်.... ရေနစ်တဲ့ကောင်ကိုတောင်ကျေးဇူးတင်သွားတယ်... သူ့ကြောင့် အလှလေးနား ကပ်ဖို့ အကြောင်းပြချက်ရသွားခဲ့တာလေ.....
ရိပေါ်...... ခင်ဗျား ဝန်ထမ်းဆိုတော့... ခင်ဗျားက....
ဝမ်ချောင်..... ဒီ Hotel က ကိုယ့်Hotel ပါ....
ရိပေါ်........ aww... ဟုတ်ကဲ့.... ကျေးဇူးတင်ဖို့ဆိုရင် မလိုတော့ပါဘူး.... ကာယကံရှင်က တင်ပြီးပြီမို့....
ဝမ်ချောင်.... အာ...ဘယ်ဟုတ်မလဲ.... ကိုယ်က ပိုပြီးကျေးဇူးတင်သင့်တာ... အဲ့ကောင်လေးသာတစ်ခုခုဖြစ်သွားရင် ပြသနာ တတ်မှာ ပိုင်ရှင်ဖြစ်တဲ့ ကိုယ်လေ...
သူပြောတာလဲ တစ်စိတ် တစ်ဒေသမှန်သည်မို့ ရိပေါ် ခေါင်းသာညိမ့်ပြလိုက်ပါတယ်....
ဝမ်ချောင် သူ့ရှေ့က ခေါင်းတညိမ့်ညိမ့်လုပ်နေတဲ့ရိပေါ်ကိုကြည့်ကာ အကောင်လိုက်မျိုချခြင်စိတ်ပေါက်နေတော့တယ်....
ဝမ်ချောင်..... aww မိတ်ဆက်ရဦးမယ်....ကိုယ့်နာမည်က လျိုဝမ်ချောင်....
ရိပေါ်....... ဝမ်ရိပေါ်....
ဝမ်ချောင်....... သောက်လိုက်ပါဦး ဒါကိုယ်ကျေးဇူးတင်တဲ့အနေနဲ့တိုက်တာပါ.....
ရိပေါ်ရှေ့က အရည်နီနီတွေထည့်ထားတဲ့ခွက်ကို ထိုသူက မေးဆတ်ပြ၍ပြောခြင်းဖြစ်လေသည်....
YOU ARE READING
ချစ်ရပါသော....သူ(Complete)