ချစ်ရပါသော...သူ Ep (23)

2.3K 96 3
                                    

သဲငယ် အကြောင်းကြားတာနဲ့ ဟောက်ရွမ်းရယ်ပြီးတော့ မားနဲ့ပါးတို့ ချက်ခြင်းရောက်လာခဲ့လေတယ်.....

X..ma...... သား နင်ဘာတွေလုပ်လိုက်တာလဲ ဟမ်!ဘုရားဘုရား ငါ့သားဝမ်လေး နဲ့ငါ့မြေးလေးဘာမှမဖြစ်ပါစေနဲ့.... ဝမ်လေးသာ တစ်ခုခုဖြစ်ခဲ့ရင် မင်းကိုကော ဟိုမိန်းမယုတ်ကိုကော ခွင့်မလွတ်ဘူး.....မင်း သိလား ရှောင်ကျန့် မင်းကို တွေ့ရဖို့ ငါ့သားလေး ဘယ်လောက် စိတ်လူပ်ရှားနေခဲ့တာလဲ ဆိုတာ.... မင်းကတော့ ကွယ်ရာမှာဖြစ်ချင်တိုင်းဖြစ်နေခဲ့တာလား...

ရှောင်မား ငိုလိုက်ပြောလိုက်ဖြင့် သားဖြစ်သူကို ထုရိုက်လိုက်ဖြင့် အရေးပေါ်ခန်းရှေ့တွင်.......

ရှောင်ကျန့် ဒီအချိန်ဘာမှမရှင်းပြနိုင်သေးပါ... ဒီချိန်မှာ ငယ် သာ ဘာမှမဖြစ်ပါစေနဲ့ လို့သာ ဆုတောင်းရင်း..... ဘာမှမဖြစ်ပါနဲ့နော်ငယ်...ကိုကို့ဆီပြန်လာပေးပါ... ငယ်ကျေနပ်တဲ့ထိ ကိုကို တောင်းပန်ပါ့မယ်....ကိုကို့ ကို ထားပြီး ထွက်မသွားရဘူးနော်....

မားကတော့ ရှောင်ကျန့်ကို ထုလိုက်ရိုက်လိုက်ဖြင့် ပါးနဲ့ ကျိယန်ကတော့မားကိုထိန်းကာ... ရှောင်ကျန့်ကတော့ အရေးပေါ်ခန်းရှေ့မှာ လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ နဖူးထက်ထောက်ထားပြီး မျက်ရည်များက ဆေးရုံကြမ်းပြင်ပေါ်သို့ ပေါက်ခနဲ ပေါက်ခနဲ ကြွေကျလျက်.....

အရေးပေါ်ခန်းထဲတွင် ဆရာဝန်များအလုပ်ရူပ်လျက်ရှိသည်.....

မား.... မား...သားကိုစောင့်ဦး... !!
ရှေ့ကသွားနေတဲ့မားနောက် ရိပေါ်ပြေးလိုက်နေမိတယ်.... မားကိုမှီတော့ မားလက်လေးကိုဆွဲကာ ရိပေါ်အမောဖြေရင်း မားကိုကြည့်တော့ ပြုံးပြနေရှာတယ်....

*ဘာလို့ လိုက်လာတာလဲသားရယ်...*

*သားလဲမားနောက်လိုက်ခဲ့မယ်.....*

* သေချာရဲ့လား..မားနောက်လိုက်ချင်တာ...နောက်မှာကြည့်ပါဦး သားရဲ့*

မားစကားကြောင့်ရိပေါ်နောက်ကိုလှည့်ကြည့်လိုက်တော့ မြူတွေကြားမှာ ကလေးလေး တစ်ယောက်ကိုလက်ဆွဲကာထွက်ပေါ်လာတဲ့ကိုကို... မျက်ဝန်းမှာလဲမျက်ရည်တွေကျကာ မထားခဲ့ပါနဲ့ပြန်လာပေးပါဆိုတဲ့စကားနဲ့ ချစ်တယ်ဆိုတဲ့စကားကိုသာ ထပ်ခါထပ်ခါ ငိုလိုက်ရိူက်လိုက်ပြောနေတဲ့ကိုကို... ရိပေါ်ရင်ဘတ်တွေအောင့်လိုက်တာ.....

ချစ်ရပါသော....သူ(Complete)Where stories live. Discover now