ချစ်ရပါသော....သူ Ep (17)

2K 82 0
                                    

ရိပေါ်တို့ခရီးကပြန်ရောက်တာ တစ်ပါတ်ရှိပြီ....ဒီကြားထဲ ကိုကို ကပိုပြီးပြောင်းလဲလာတယ်.... ။

အင်း....ဘယ်လိုပြောင်းလဲလာတာလဲ ဆိုတော့လေ... အရင်ကထက် ရိပေါ်ကို ပိုဂရုစိုက်လာသလိုပဲ.... မနက်ဆိုလဲ ဆိုင်ကို ကိုကို ကိုယ်တိုင် လိုက်ပို့တယ်...ညနေဆိုလဲ လာကြိုတယ်... ရိပေါ်တို့ဆိုင်က ည ၈ နာရီမှ ပိတ်တာဆိုတော့လေ .....။
ပြီးတော့ ရိပေါ် ကို လဲ အမျိုးစုံခေါ်တတ်လာတယ်... အူကြူးလေး... ငယ်... သဲငယ်... မုန်လာဥလေး... စသဖြင့် သူကြိုက်ရာ ကို ပြောင်းခေါ်နေတော့တာပဲ... ဟိုနေ့ညက ဆို မားတို့နဲ့ ထမင်းစားရင်းကို  သဲငယ် ရေ ကိုကို့ ကို ငါးရိုးနွင်ပေးပါဦးဆိုပြီး ထ ပြောလာတာ.. ရိပေါ်ဖြင့် မျက်နှာကို ဘယ်နားထားရမယ်မှန်းမသိအောင် ကို ပူထူသွားတယ်...။
. မားတို့ကတော့ သိတယ်မလား တပြုံးပြုံးပေါ့..... ။ညဘက်တွေဆိုလဲ ဟိဟိ... ကိုကို နဲ့အတူ အိပ်ဖြစ်တယ်... ဟေ့ မှောင်မိုက်မနေကြနဲ့နော်... ရိုးရိုး ဖက်အိပ်တယ်ပြောတာ... အလယ်က ဖက်လုံးက မလိုတော့ဘူးတဲ့လေ.... ညတိုင်း ကိုကို့ လက်မောင်းကို ခေါင်းအုံးကာ ထုံစံအတိုင်း ကိုကို့ လက်တစ်ဖက်က ရိပေါ် ခါးမှာပေါ့....။
  တစ်ခုတော့ရှိတယ် ညလယ်လောက်မှ ကိုကို က ရိပေါ်ပါးကို ခိုးနမ်းတာ... ရိပေါ် မအိပ်မချင်း ဘာ အသားမှ မယူပါဘူး ရိပေါ် အိပ်ပျော်လောက်မှ ပါးပြင်လေးနဲ့ ခေါင်းကို နမ်းတတ်တယ်....ရိပေါ်သိတာပေါ့.... ကိုကို့ ရင်ခွင်ထဲ ရိပေါ် ဘယ်အိပ်ပျော်ပါ့မလဲ ရင်တွေခုန်နေတာကို....။

ဒါပေမဲ့လေ.... ပြောင်းလဲ လာတဲ့ အထဲ ကိုကို့ အချစ်တွေတော့ ပါမလာဘူးရယ်.... ခုထက်ထိတိုင် ကိုကို က ရိပေါ်ကို ချစ်တယ်လို့ တစ်ခါမှ မပြောဖူးပါဘူး....😞(ပြောပါတယ် ဝမ်လေးရယ် နင်မမှတ်မိတာပါ...😂)
ရိပေါ်ကျေနပ်ပါတယ်.... ဒီလိုလေးလဲ အဆင်ပြေတယ်.... ဘယ်အချိန်ထိ ရိပေါ်ကို လိုအပ်မှန်းမသိပေမဲ့ မင်းကို လိုအပ်သေးတယ်လို့ပြောနေသ၍ ကိုကို့ အနားမှာ ရိပေါ် ရှိနေပေးမှာပါ.... ကိုကို က မလိုအပ်တော့တဲ့အခါကျရင်တော့လဲ ရိပေါ်ကိုယ်တိုင်ပဲ အလိုက်တသိ ထွက်သွားပေးမှာ.... ။
ကိုကို ရိပေါ်အတွက်နဲ့တွေဝေ စရာ မလိုအောင်.... အဲ့လောက်ထိ ပေးဆပ်ရင်း တစ်သက်လုံး ခင်ဗျားကြီးကို ချစ်မယ်သိလား......။

ချစ်ရပါသော....သူ(Complete)Where stories live. Discover now