Yb........ ကျနော့်ကိုကွာရှင်းပေး..... ကျနော့်ကိုလွတ်လပ်ခွင့်ပေးပါတော့... ကျနော်ပင်ပန်းနေပြီ....
Xz.... .. ငယ်!!!သဲငယ်...
ရိပေါ်စကားကြောင့် ရှောင်ကျန့်တုန်လူပ်သွားခဲ့လေတယ်... ချက်ခြင်းဆိုသလို မျက်ရည်များက ပါးပြင်ထက် နေရာယူကာ....
XZ....... ငယ်... ကိုကို့ ကိုရှင်းပြခွင့်လေးတောင်မပေးတော့ဘူးလား...
Yb....... ကျနော့်မျက်စိနဲ့ကိုယ်တိုင် မြင်ခဲ့ပြီးပြီလေ.. ဘာကိုရှင်းပြချင်တာလဲ...... ကျနော်ကတုံးအပြီး ခင်ဗျားနဲ့ ခင်ဗျားချစ်သူ ရဲ့ အသုံးချခံဖြစ်နေခဲ့တာ... အဆုံးထိ ပက်သက်ခဲ့ကြတဲ့ခင်ဗျားတို့နှစ်ယောက်ကြားမှာကျနော်က ဘာလဲ... ခုကျနော့်ကို ကွာရှင်းပေး လိုက်ရင် ခင်ဗျားတို့နှစ်ယောက် လွပ်၂လပ်၂ ယူလို့ရပြီလေ... ဘာလို့ ကျနော့်ကိုချုပ်နှောင်ထားဦးမှာလဲ... ကျနော် အရမ်းမွန်းကျပ်တယ်....အင့်..ဟင့်...
ရိပေါ်စကားတွေ ရှောင်ကျန့်နှလုံးသားတွေကို ဓားနဲ့ထိုးခွဲနေသလိုပင်.... မဟုတ်ဘူး... မဟုတ်ဘူးလို့သာ ပြောပြီး ခေါင်းကိုတွင်တွင်ခါကာ ထိုင်နေတဲ့ ရိပေါ်ရဲ့ခါးလေးကိုဖက်ကာ လည်ပင်းထက်မျက်နှာအပ်ပြီး......
XZ....... မဟုတ်ပါဘူးငယ်... အဲ့လိုမဟုတ်ပါဘူး... အင့်...အင့်... ကိုကို နဲ့ May ဘယ်တုန်းကမှ အဲ့လိုမပက်သက်ဖူးပါဘူး.... ငယ် မြင်တာတွေကလဲ အမှန်မဟုတ်ပါဘူး ငယ်.... ကိုကို ချစ်တာ ငယ့် ကိုပါ... ငယ့်ကို ဘယ်သူ့ကိုမှ မချစ်ဘူးတဲ့ အချစ်မျိုးနဲ့ကိုကို ချစ်တာပါ.....
ရိပေါ် ဖက်ထားတဲ့ ကိုကို့ ကို အတင်းတွန်းလွတ်နေမိတယ်...ဒါပေမဲ့ ကိုကို ကမလွတ်ပေးပဲ ပိုတိုးလို့ဖက်ထားတယ်.....
Yb.... လွတ်... ခင်ဗျား ကျနော့်ကိုလွတ်... လွတ်ပေး ရှောင်ကျန့်...ဟင့်...
ရိပေါ် ကိုကို့ ကြောကို ထုရိုက်ကာ ဖက်ထားတာကို လွတ်ပေးဖို့ ပြောနေမိတယ်..ဒါပေမဲ့ ကိုကို က ပိုပို တိုး၍သာ ဖက်ထားတယ် ရိပေါ် ထုရိုက်သမျှကို တင်းခံကာ....
XZ....... ရိုက်ပါ ငယ်.... ငယ် ကျေနပ်တဲ့ထိ ရိုက်ပါ... မကျေနပ်သေးရင် ကိုကို့ မျက်နှာကိုပါထိုးလို့ရတယ်... ငယ့်စိတ်ကြိုက်ရိုက်ပါ... ဒါပေမဲ့ ကိုကို့ဆီကနေ ထွက်သွားဖို့တော့မတောင်းဆိုပါနဲ့... ကိုကို ခွင့်မပြုဘူး... ငယ် မရှိရင် ကိုကို လဲမရှိနိုင်ဘူး.... ငယ် က ကိုကို့ ဘဝ... ကိုကို့ ရဲ့ အနာဂတ်ပဲ....
YOU ARE READING
ချစ်ရပါသော....သူ(Complete)