Uni
အထက်ကောင်းကင်ယံ၌ ဓူဝံကြယ်နှင့် ခုနစ်စဉ်ကြယ်အပြိုင်ထွန်းလင်းနေသောအချိန်တွင် ကြယ်တာယာနန်းဆောင် အလယ်မှ မီးရောင်တောက်ပသော အလင်းတန်းတစ်ခု တစ်နည်းအားဖြင့် ဖီးနစ်ငှက်၏ရောင်ဝါ...စစ်နတ်ဘုရားတဖန် ပြန်လည်မွေးဖွားလာလေပြီ"စစ်နတ်ဘုရားကို ကျွန်တော်မျိုး စွန်းမင်း(ကြယ်တာရာသခင်၏အမည်နာမ)နှင့် ကျွန်တော်မျိုးမလဲ့ရှင်းဟွာ (အချိန်နတ်သမီး)တို့မှဂါဝရပြုပါတယ်"
ဖြေးညှင်းစွာ ဖွင့်လိုက်လေသော စစ်နတ်ဘုရား၏ဖီးနစ်ရောင်မျက်ဝန်း ပထမအဆင့်နတ်ဘုရား၏ အရောင်အဝါစွမ်းအင် နှင့်အတူ ပူပြင်းမှုကို အဆင့်နိမ့်နတ်ဘုရားတွေခံစားမိကြလေကုန်၏။
သို့သော် စစ်နတ်ဘုရားသည် မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ ကြယ်တာယာနန်းဆောင် အပြင်သို့ထွက်သွားရန်ပြင်လေသည်။
"စစ်နတ်ဘုရားရဲ့မူဟွာ(လရောင်ရိပ်)နန်းဆောင်ကို သွားရောက်တော့မယ်လော့"
"ကျွန်တော်မျိုး စစ်နတ်ဘုရားရဲ့နန်းဆောင်ကိုအတူလိုက်ပါ ပို့ဆောင်ပေးပါ့မယ်"
"မလိုဘူး"
အပိုအလိုမရှိ တိကျပြတ်သားသောစကားလုံးတစ်ချို့ကိုသာ ပြောရွေ့ နန်းဆောင်အပြင်ဘက်သို့ထွက်သွားသော စစ်နတ်ဘုရား..
---------
"အရှင် အရှင် မကောင်းတော့ဘူး စစ်နတ်ဘုရားပြန်လည်မွေးဖွားလာပြီ"
"စစ်နတ်ဘုရားက အခုငါစီမံထားတဲ့ ကိစ္စလောက်အရေးမပါဘူး "
"ဒါပေမဲ့ စစ်နတ်ဘုရားကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်းငါးသောင်းက မိစ္ဆာဘုံပျောက်လုနီးပါးဖြစ်ခဲ့တာလေ"
YOU ARE READING
သစ္စာနှောင်ကြိုး(completed)
FanfictionZhanyi(ZSWW) မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကို တခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Unicode မက်မွန် လေအဝေ့ နှလုံးသား တစ်စုံကို ချစ်ရသူစီ အပ်နှင်းလို့ နှင်းမှုန်အဖြစ် ပြောင်းရတော့မယ် Zawgyi မက်မွန် လေအဝေ့ နှလုံးသား တစ္စုံကို ချစ်ရ...