Chapter(13)

1.2K 97 6
                                    

"အဖွဲ့လိုက်တစ်ယောက်ချင်း စမ်းသပ်ချက်စတင်ပြီ!!!"

စည်တီးသံအချက်ပေးလို့ယှဉ်ပြိုင်ပွဲစတင်လေပြီ~~

"ကျောင်းသား လျှိုပင်းစတင်ပါ"

ထိုကျောင်းသားနဲ့အတူ တခြားကျောင်းသားတွေကပါ စိတ်လှုပ်ရှားနေကြတယ်။သူတို့အနေနဲ့ ရှေးရာဇဝင်စာအုပ်တစ်ချို့မှာသာ မီးမျှော်စင်အကြောင်း ရေးသားထားတာတွေကိုဖတ်ဖူးရုံမျှပဲရှိတာ။အပြင်မှာတကယ်တွေ့မြင်နိုင်မယ်လို့တောင် မမျှော်လင့်ထားမိခဲ့ဖူးဘူး။

ထို့အပြင်မျှော်စင်အကြောင်းကို အတိအကျရေးသားထားခြင်းမရှိဘဲ အနည်းငယ်မျှသာဖော်ပြထားတာ။ထိုကြောင့်ဒီစမ်းသပ်ချက်ကို ဝင်ရောက်ယှဉ်ပြိုင်သူတိုင်း မအောင်မြင်ဘူးဆိုတာ အတပ်သိရှိနေကြတယ်။
-------------
ထိုကျောင်းသားဟာမီးမျှော်စင်ရဲ့ စမ်းသပ်ခံအမှတ်အသားနေရာကိုထိကိုင်လိုက်စဉ်တွင်~~

"အား....လွှတ်....အား...ကယ်ပါအုန်း..."

​ေမြာက်တက်သွားသော ထို​ေကျာင်းသား၏ခန္ဓာကိုယ်။မီးမျှော်စင်ကထိုကျောင်းသားကျင့်ကြံထားသော ချီစွမ်းအင်များကိုစုပ်ယူနေ​ခြင်းဖြစ်သည်။ကျောင်းသား၏ နာနာကျင်ကျင်အော်သံက ကျန်သည့်လူများအား ကြောက်ရွံ့ထိပ်လန့်စေလေသည်။

"အား...အကြီးအကဲ....အား..ဆရာ...ကယ်ပါ...အုန်း"

"ချွင်"အကြီးအကဲသည် ထိုကျောင်းသားအာ ဒေါသတကြီးကြည့်၍ ထိုကျောင်းသား သေဆုံးမည့်အရေးမှကာကွယ်ပေးလေရ​ေတာ့သည်။

"ကျောင်းသားတို့!!!ဒီဆရာပြောတာကိုဂရုမစိုက်ကြတာလား..ချီစွမ်းအင်မမြင့်ဘဲဒီပြိုင်ပွဲကို ယှဉ်ပြိုင်တာဟာ မင်းတို့အသက်ကိုစတေးနေကြသလိုပဲ!!..ဒါမှမဟုတ်ဒီဆရာကိုမလေးစားတာလား!!!"

"ကျောင်းသားတို့အကြီးအကဲစကားကို...ပေါ့ပေါ့တန်တန်မတွေးသင့်ဘူး..အခုဒီကျောင်းသားဟာချီစွမ်းအင်အခြေခံအဆင့်ပဲရှိသေးတယ်...သူဝင်ရောက်ယှဉ်ပြိုင်ရဲတာ...မင်းတို့အထင်သတ္တိရှိလိုက်တာလို့တွေးကြမယ်...ဒါဟာသတ္တိရှိတာမဟုတ်ဘဲမိုက်ရှုးရဲဆန်တာ.."

"ဆရာ ကျွန်တော်နှုတ်ထွက်ပါတယ်"

"ကျွန်တော်ရောပဲ..ကျွန်မရောပဲ..ဆရာကြီး"

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now