"ရှောင်..ဒဏ်ရာတွေက..သက်သာပြီလား"
"ကိုယ်ကသက်သာေနပါပြီး...ရိအာရော..."
"ဟင့်..ကျောကနာနေသေးတယ်"
"ဟုတ်လား။ပြပါအုန်း။အကျီချွတ်..အမာရွတ်ပျောက်ဆေးလိမ်းပေးမယ်"
"ဟင်..ဟို..ဟာ..မ...ပြ..လို့ရဘူးလား"
"ရှက်နေတာလား...မျက်နှာကနီရဲနေရော့..."
မျက်နှာလေးကနီရဲနေပြီး...ချွေးစေးတွေပြန်နေတာတောင်...ထိုပုံစံလေးကပြင်ထား၊ဆင်ထားသော မိန်းမလှတွေ အရှုံးပေးရလောက်တယ်။
"အဟန့်..ဘယ်သူကရှက်လို့လဲ..ရော့..ရော့..လိမ်းလိမ်း"
"......"
"မလိမ်းတော့ဘူးလား...ရှောင်...ငိုနေတာလား"
အကျီချွတ်ပြီး ခဏအကြာအထိဆေးလိမ်းတဲ့ အထိအတွေ့ကိုမခံစားရသေးသောကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ ငိုနေသည့်ရှောင်ကိုတွေ့မြင်လိုက်ရတယ်..
"အင့်"
မိမိရင်ခွင်စီသို့ ဝင်ရောက်လာတဲ့ရှောင်ရဲ့ခေါင်းလုံးလုံးလေး အသည်းအသန် ငိုကြွေးနေသော ရှောင်ကြောင့် ရင်ဘက်ကအကျီစလေးလည်းရွှဲရွှဲ စိုနေလေပြီ...
"တောင်း..ပန်..ပါ..တယ်"
"ရှောင်..ဘာဖြစ်တာလဲ"
"ဟင့်..ခ.ဏ..လေး..ဒီ..အတိုင်း...ပဲ..နေ..ပေး..ပါ..အင့်..တ..ကယ်..ဟင့်..တောင်း..ပန်..ပါ..တ...တယ်"
ဖြူဝင်းနေသောကျောဘက်၌ ထင်းရှားတဲ့အနီရောင်အစင်းကြောင်းသုံးခု...ထိုအချိန်ကိုအမြဲအမှတ်ရစေနိုင်သော...အမာရွတ်သဖွယ်ဖြစ်နေတဲ့ ဒဏ်ရာတွေ။အရမ်းကိုနာကျင်ခဲ့မှာပဲနော်...ကိုယ်သေချာမကာကွယ်ပေးနိုင်ခဲ့တဲ့အတွက်...တောင်းပန်ပါတယ်ရိအာ..
"အဆင်ပြေသွားမှာပါ..ကျွတ်..ကျွတ်..ကျွတ်..မငိုနဲ့တော့"
အကြောင်းပြချက်ရေရေရာရာမရှိဘဲ ငိုနေပြီးတောင်းပန်စကား တဖွဖွဆိုနေသောရှောင်။အခုချိန်မှာသူလုပ်ပေးနိုင်တာက နှစ်သိမ့်ပေးဖို့ပဲရှိတယ်။ထို့ကြောင့် ရှောင်ကျောပြင်ကို လက်ကလေးဖြင့် ခပ်ဖွဖွပုတ်ပြီးအငိုတိတ်အောင် ကလေးတွေလိုချော့မြူနေရတယ်...
![](https://img.wattpad.com/cover/300584887-288-k37522.jpg)
YOU ARE READING
သစ္စာနှောင်ကြိုး(completed)
FanfictionZhanyi(ZSWW) မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကို တခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Unicode မက်မွန် လေအဝေ့ နှလုံးသား တစ်စုံကို ချစ်ရသူစီ အပ်နှင်းလို့ နှင်းမှုန်အဖြစ် ပြောင်းရတော့မယ် Zawgyi မက်မွန် လေအဝေ့ နှလုံးသား တစ္စုံကို ချစ်ရ...