Chapter(11)

1.4K 102 21
                                    

"ရိအာထတော့လေ"

"ဟင့်...ရှောင်...ထသေးဝူး...ဝှား..အိပ်..ချင်..သေးတယ်"

မနေ့ကဟိုဒုအကြီးအကဲဆိုတဲ့လူက ကျောင်းသားတွေအတွက်နေစရာအဆောင်ခန်းတွေစီစဉ်ပေးတယ်။တစ်ဆောင်မှာ လူနှစ်ယောက်နေရတယ်လို့ပြောလို့ သူကရှောင်နဲ့နေချင်တယ်လို့ အထွဋ်တတ်မိလိုက်တာကို ခံပြောတယ်လို့ သူ့ဘာသာသူလသတ်မှတ်ပြီး အပြစ်ဒဏ်ပေးခံလိုက်ရတယ်။အပြစ်ဒဏ်အနေနဲ့ ထင်းအချောင်းသုံးဆယ်ကိုခွဲခိုင်းတယ်..

မှော်အစွမ်းထုတ်သုံးလို့မရသောကြောင့် ပုဆိန်ကိုင်တဲ့သူ့ရဲ့လက်​ေတွဟာပေါက်ပြဲလာခဲ့တယ်။ညနေမှစတင်တဲ့အလုပ်ဟာ ညနက်သည့်အချိန်မှပြီးလေ​ေသာကြောင့် ညစားလည်းမစားလိုက်ရဘူး။ရှောင်ကဆေးစည်းပေးလို့ တော်သေးတယ် မဟုတ်ရင်သူ့လက်တွေလှုပ်ရှားလို့ရမှာတောင်မဟုတ်ဘူး။

"ရိအာ မနက်စာစားချိန်ရောက်ပြီလေ စောစောမထရင်စည်းကမ်းချက်အရအပြစ်ပေးခံနေရမယ်နော်"

"ဟင်...မနက်စာလား....ထပြီ....ထပြီ"

ဝက်ပေါက်လေးအစားအသောက်အသံကြားတာနဲ့ အကုန်မေ့ရော..

--------

"ဟင်...ဒါလေးပဲစားရမှာလား.."

"ဘာလို့လဲ မဝဘူးလားညီလေးပိုင်လိ"

"မဟုတ်ပါဘူးဝတာကဝတယ် စားပွဲဟင်းကနှစ်ခုလုံးကအသားမပါဘူးနော် ရိလန်ကော"

ညစားလွတ်နေတဲ့သူ့ရဲ့ဗိုက်က အခုလောက်နဲ့ဘယ်ဝပါ့မလဲ ကောတို့ကိုစိတ်မညစ်စေချင်သောကြောင့် လိမ်ညာပြောလိုက်တာ

"ပိုင်လိ ဒီမှာက နေ့ရက်အလိုက်အစားအစာစာရင်းအတိုင်းကျွေးတာ ပြီးတော့တစ်ပတ်မှာ တစ်ခါပဲအသားဟင်းစားခွင့်ရှိတာ"

မတတ်နိုင်ဘူးဒီနေ့တော့ အရှေ့ကအသီးအရွက်ပေါက်စီ၊ မုန့်ညင်းကြော်၊ ထမင်းဖြူကိုသာစားရတော့မှာပေါ့ပိုင်လိ... ပိုင်လိ... မင်းကိုကအစားအသောက်နဲ့ပတ်သတ်ရင်ကံဆိုးလွန်းတာ

မျက်ဝန်းဝိုင်းဝိုင်း​​လေးက​ေန အရည်ကြည်များရစ်ဝိုင်းလာတဲ့ရိအာ အစားသောက်ကြမ်းတဲ့ ဒီကလေးကအခုလိုစားရတော့ ဘယ်နေနိုင်ပါ့မလဲ သနားပါတယ်

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now