"မင်းတို့ကနောက်ဆုံးအောင်နိုင်သူတွေပဲ.."
"ပထအဆင့်..ဖုန့်ဟွာ
ဒုတိယအဆင့်..ချင်းအာ
တတိယအဆင့်..ထိုက်ရှီရင်း..ဝိဉာဉ်စမ်းသပ်ကြလော့"နတ်ပစ္စည်းတိုင်းမှာ..နတ်ဝိဉာဏ်တွေရှိတယ်။တိမ်လွှာဓားနဲ့ကြိုးကြာတောင်ပံလေးမြှားဟာ သူတို့ကိုပိုင်ဆိုင်နိုင်သူကို သူတို့ဘာသာရွေးချယ်ကြမှာဖြစ်တယ်...
နတ်လက်နက်တွေရှိရာအရှေ့သို့ ထိုေအာင်နိုင်သူသုံးယောက်အတူရပ်လိုက်ပြီး တစ်ခဏ၌သက်တံရောင်စဉ်တန်းတွေဟာ ထိုသုံးယောက်ထဲက တစ်ယောက်၏ကိုယ်အတွင်းသို့ဝင်ရောက်လေ၏..
"ငါတို့ထင်တဲ့အတိုင်းပဲ...နတ်လက်နက်တွေဟာဖုန့်ဟွာကို ရွေးချယ်သွားတာပဲ.."
စစ်နတ်ဘုရားကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း နတ်ဘုံသားတိုင်းအခန့်မှန်းမိလေ၏။ပြိုင်ပွဲတွေကိုစမ်းသပ်ချိန် တစ်လပတ်လည်ဟာလည်းပြည့်လာလေပြီ...
"မင်းတို့ဟာ..ယခုအချိန်ကစလို့ခွန်လွန်နဲ့ မသတ်ဆိုင်တော့ဘူး..ဇာတိ၊သွားလိုရာကိုသွားနိုင်ပြီ.."
တောင်အောက်စီသို့ ပြန်လည်ဆင်းလာချိန် ရောက်ခဲ့ပြီ။ရှေ့ဆက်ရမဲ့ခရီးမှာ..သူတို့တွေအတူတကွရှိနိုင်ပါအုန်းမလား။
"ရှင်းကျိုးတို့ဘယ်ကို..ဆက်သွားကြမှာလဲ"
"ဇာတိကိုပဲပြန်တော့မှာ..ရိလန်"
အံၾသသွားတဲ့ရှောင်..ရိအာ..ကတိမတည်နိုင်လို့ တောင်းပန်ပါတယ်။ရှေ့ဆက်မဲ့ခရီးကို ကျွန်တော်ဆက်ပြီး မလိုက်နိုင်လောက်ဘူး မကြာခင်မှာပြန်တွေ့ကြမယ်ရှောင်..
"ဒါကရှောင်အတွက်..ရိအာရဲ့လက်ဆောင်..တောင်အောက်ရောက်ရင်ပေးမယ် ပြောခဲ့တာအတွက်ကတိတည်ခဲ့ပါတယ်။ပထမကတိကိုမတည်နိုင်တဲ့အတွက်...တောင်းပန်ပါတယ်။တန်ဖိုးမကြီးပေမဲ့..ကျွန်တော်ကိုယ်တိုင်ပြုလုပ်ထားတာ..နှစ်သက်ပါရဲ့လား.."
အမွှေးအိတ်ကလေး..အစိမ်းရောင်ပိုးသားနုနု အပေါ်၌..ဇာမဏီငှက်နီပုံလေးကိုချည်ထိုးထားတဲ့..ရိုးရှင်းတဲ့ချည်ထိုးအိတ်ကလေး။မွှေးပျံ့လှတဲ့ရနံ့ကြောင့် ရှားပါးတဲ့ဆေးဖက်ဝင် သစ်ရွက်နှင့်ပန်းခြောက်တွေကို..ထည့်သုံးထားခြင်းဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်တယ်။
YOU ARE READING
သစ္စာနှောင်ကြိုး(completed)
FanfictionZhanyi(ZSWW) မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကို တခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Unicode မက်မွန် လေအဝေ့ နှလုံးသား တစ်စုံကို ချစ်ရသူစီ အပ်နှင်းလို့ နှင်းမှုန်အဖြစ် ပြောင်းရတော့မယ် Zawgyi မက်မွန် လေအဝေ့ နှလုံးသား တစ္စုံကို ချစ်ရ...